မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့ရေနစ်မြုပ်

0
58

တိုင်ဖွန်းမုန်တိုင်း ” ရာဂိ ” ကြောင့် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးမြို့နယ်အချို့ရေနစ်မြုပ်ကာ ည ၇နာရီခွဲချိန်ထိ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသည်။

မြန်မာနိုင်ငံသည် တိုင်ဖွန်းမုန်တိုင်းအရှိန်နှင့် မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်အနှံ့ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရန်ကုန်ရှိ မြို့နယ်အချို့ရေနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

” အခုမိုးကတောက်လျှောက်ရွာထားတော့ ရေပါ ပါတယ်။ အခုရေမြုပ်နေတယ်။ ရေမြုပ်နေတော့ ကားလမ်းတွေပါ ပိတ်ကုန်တယ်။ ယာဉ်ကြောပိတ်ဆို့မှုကလည်း တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ဝေဇယန္တာလမ်းမမှာဆို ရေကအပြည့်ပဲ။ အခုရုံးဆင်းလို့အိမ်ပြန်တာ ညနေ ၅ နာရီကတည်းက ၇ နာရီကျော်နေပြီ တောင်ဥက္ကလာကတောင်မကျော်သေးဘူး”ဟု မြောက်ဥက္ကလာတွင် နေထိုင်သူတစ်ဦးကပြောသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် တိုင်ဖွန်းမုန်တိုင်း ဖြစ်ပွားနေသလို ဘင်္ဂလားပင်လယ်အော်တွင်လည်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အထိဖြစ်ပေါ်နိုင်သည့်အတွက် စက်တင်ဘာလ(၈)ရက်မှ စက်တင်ဘာလ(၁၂)ရက်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here