လုပ်ခလစာမရရှိသည့် မြန်မာ MoU အလုပ်သမားများ WAG ၏အကူအညီဖြင့်ပြန်လည်ရရှိခဲ့

0
54

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝင်ရောက်အလုပ်အလုပ်ကိုင်နေသည့် မြန် မာ MoU အလုပ်သမား ၂၀၀ ဦးခန့်အား အလုပ် ရှင်ဖြစ်သူက လုပ်ခလစာမပေးချေသဖြင့် WAG – အလုပ်သမားမဟာမိတ်အဖွဲ့မှကူညီပေးခဲ့ရာ လုပ်ခလစာများပြန်လည်ရရှိခဲ့သည်။

မြန်မာ MoU အလုပ်သမား အမျိုးသား၊ အမျိုးသမီး (၂၀၀)ဦးခန့်သည် ထိုင်းနိုင်ငံ၊ စမူပကန်ဘန်းအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အလုပ်လုပ်ကိုင်နေစဥ် အလုပ်ရှင်ဖြစ်သူမှ ၎င်းတို့ ၏လုပ်ခလစာများကို ပေးချေခြင်းမရှိ၍ အခက်အခဲများကြုံတွေ့နေသဖြင့် အလုပ်သမားများက အလုပ်ဆင်းခြင်းမပြုခဲ့ကြကြောင်း WAG – အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထို့သို့ မြန်မာအလုပ်သမားများ အလုပ်ဆင်းခြင်းမရှိ၍ မလုပ်မဆင်းရန်ဦးဆောင်ခဲ့သူ (၂၄)ဦးကို အလုပ်ရှင်ဖြစ်သူက အလုပ်မှထုတ်ပယ်ခဲ့သဖြင့် ၎င်းတို့အားကူညီဖြေရှင်းပေးရန် အလုပ်သမားများမှ WAG အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် WAG အဖွဲ့ဝင်များက ယနေ့ စက်တင်ဘာ ၆ ရက်တွင် ယင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသဖြင့် အလုပ်ရှင်ဖြစ်သူမှ ၎င်းသိမ်းဆည်းထားသော အလုပ်သမားများ၏ ပတ်စ်ပို့များနှင့် Work permit များ၊ ပေးချေရန်ရှိသည့် လုပ်ခလစာများကိုပြန်ပေးခဲ့ကြောင်း သိရသည်။

Photo-WAG


LEAVE A REPLY

Please enter your comment!
Please enter your name here