မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ပြိုင်ဘက် အာဒိုဂန်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်

0
96

မြန်မာ့ စပါးအုံးမြွေဟု တင်စားခေါ်ဝေါ်ခံရသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယနေ့ နံနက်ပိုင်း (မြန်မာစံတော်ချိန်) တွင် ပြုလုပ်သည့် ONE 168 ပြိုင်ပွဲတွင် ပြိုင်ဘက် တူရဂီနိုင်ငံသား ဖိုက်တာ အာဒိုဂန်ကို ဒုတိယ အချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပြိုင်ပွဲနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာနေသည့် MMA ဖိုက်တာ အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့၌ ကျင်းပြုလုပ်သည့် ONE 168 ပြိုင်ပွဲတွင် အာဒိုဂန်နှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်း ဖြစ်သည်။

အောင်လအနေဖြင့် ပြိုင်ပွဲတွင် အင်အားကြီးပြီး မာဂုဏ်မြင့်သည့် ပြိုင်ဘက်ဖြစ်သူ၏ ဖိအားပေးတိုက်ခိုက်မှုများကို ခုခံနေရသည့် အနေအထားတွေ့ရပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခြင်းမျိုး မတွေ့ရဘဲ ဒုတိယအချီတွင် အရှုံးပေးခဲ့ရသည့် အခြေအနေဖြစ်သည်။

ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာအသက် (၃၃)နှစ်အရွယ်ရှိပြီး MMA ပြိုင်ပွဲ (၉)ပွဲတွင် (၈)ပွဲ အနိုင်ယူထားသူဖြစ်သည်။

အသက် (၃၉) နှစ်အရွယ် အောင်လအန်ဆန်သည်လည်း MMA ပြိုင်ပွဲ (၄၃) ပွဲထိုးသ-တ်ထားပြီး ပွဲ (၃၀) နိုင်၊ (၁၃) ပွဲရှုံးနိမ့်ထားသည့် မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား MMA ဖိုက်တာတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here