မြန်မာ့လက်ရွေးစင် ရှေ့တန်းကစားသမားဟောင်း ဦးဇော်ထိုက် ကွယ်လွန်

0
161

မြန်မာ့လက်ရွေးစင် ရှေ့တန်းကစားသမားဟောင်း ဦးဇော်ထိုက်သည် ယမန်နေ့ စက်တင်ဘာ (၆)ရက်တွင် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်သည်။

ဦးဇော်ထိုက်သည် ကွယ်လွန်ချိန်တွင် အသက်(၄၆)နှစ် ရှိပြီဖြစ်ကာ ၎င်းသည်နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်တွင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးစားပေးခဲ့သော ကစားသမားကောင်းတစ်ဦး ဖြစ်သည်။

ထို့ကြောင့် ၎င်းကွယ်လွန်သွားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသကဲ့သို့ ဦးဇော်ထိုက်၏ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား အမှတ်တရရှိနေမည်ဟု MFF ၏ အသိချက်တွင် ဖော်ပြထားသည်။

ယခုလအတွင်း အသက်(၄၀)ကျော်အရွယ် လက်ရွေးစင်ဘောလုံးသမားဟောင်းနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခြင်းအတွက် ပရိတ်သတ်ကလည်း ဝမ်းနည်းကြောင်း နှင့် ကောင်းရာသုဂဝတိလားကြစေရန်ဆုတောင်းခဲ့ကြသည်။

“ကိုဇော်ထိုက်ရဲ့သွင်းဂိုးတွေကို စောင့်မျှော်ကြည့်ရင် ပျော်ခဲ့ရတာပေါ့”ဟု ပရိတ်သတ်တစ်ဦးက ဆိုသည်။

ယခုလ စက်တင်ဘာ (၁)ရက်နေ့တွင်လည်း အသက်(၄၇)နှစ်အရွယ် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးဟောင်း ဦးစည်သူဝင်းကွယ်လွန်ခဲ့သေးသည်။

ယင်းအတွက် စက်တင်ဘာ(၅)ညနေပိုင်းတွင် ဦးစည်သူဝင်း ကွယ်လွန်ခြင်းအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း (၁)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here