ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် ဦးဆောင်သည့်အဖွဲ့ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၊ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် အမျိုးသားပြတိုက်သို့ လေ့လာရေးလာရောက်

0
97

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သည် ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော်အဖွဲ့တို့မှာ စက်တင်ဘာ(၄)ရက်နှင့် (၅)ရက်တို့တွင် ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီး၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် အမျိုးသားပြတိုက်တို့သို့ လေ့လာရေးလာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့မှာ စက်တင်ဘာ (၄) ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်ရှိ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးအား သွားရောက်ဖူးမြော်ကြပြီးနောက် မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ သွားရောက်ရာ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒနှင့် တာဝန်ရှိသူများက တက္ကသိုလ်တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသော ဘာသာရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဧည့်သည်တော်အဖွဲ့မှ အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အလားတူ စက်တင်ဘာ (၅) ရက် နံနက်ပိုင်းက အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ပြီး စက်တင်ဘာ (၆) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here