ဖနွမ်းပင်နှင့် ဂျကာတာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရန်ကတိပြု

0
193

ဖနွမ်းပင်၊စက်တင်ဘာ ၇

ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့သည် အပြန်အလှန်အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် ယခုထက်ပိုမိုတိုးချဲ့ရန်လည်းကတိပြုခဲ့ကြကြောင်းသိရသည်။

၎င်းတို့တွေ့ဆုံမှုတွင် Prabowo Subianto က အာဆီယံနှစ်နိုင်ငံကြားရှိ ကောင်းမွန်သောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ နယ်ပယ်အားလုံး၌ လျင်မြန်ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်းချီးကျူးစကား ပြောကြားခဲ့သည်။

မစ္စတာဟွန်မာနက်ကလည်း အင်ဒိုနီးရှားသမ္မတအဖြစ် ရွေးကောက်ခံရသည့် Prabowo Subianto ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန်အတွက် ရွေးကောက်ခံသမ္မတသစ်နှင့် လက်တွဲလုပ်ဆောင်ရန်လည်းထပ်မံအတည်ပြုခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က မစ္စတာ Prabowo Subianto ၏ခရီးစဉ်ကို အလေးထားပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်လည်းအလေးပေးပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေး၊ကုန်သွယ်ရေး ၊ကာကွယ်ရေးနှင့်လုံခြုံရေး၊စိုက်ပျိုးရေးနှင့် ခရီးသွားလာရေးအပါအဝင် အလားအလာရှိသော နယ်ပယ်များစွာ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရေးနှင့် တိုးချဲ့ရေးဆိုင်ရာအမြင်များကိုလည်းဖလှယ်ခဲ့ကြသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုကို သိသိသာသာမြှင့်တင်ပေးနိုင်သည့် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးမြှင့်နိုင်ခြေကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here