မော်လမြိုင် သံလွင်တံတားပေါ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား ၊ ဆိုင်ကယ်မောင်းနှင်သူ အခင်းဖြစ်နေရာတွင် အသက်ဆုံးရှုံး

0
63

မွန်ပြည်နယ်၊ မော်လမြိုင် သံလွင်တံတားပေါ်တွင် ယမန်နေ့ ညနေ (၆)နာရီခွဲအချိန်က ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းနှင်သူအမျိုးသားအခင်းဖြစ်နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အသက်ဆုံးရှုံးသူအမျိုးသားမှာ ပေါင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ငှက်ဖျားတိုက်ဖျက်ရေးမှ ဆရာဝန်တစ်ဦးဖြစ်ပြီး ၊ အသက် (၃၈)နှစ်အရွယ် ‌ကရင်အမျိုးသား ကိုဂျိုင်းဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ‌ေ-သဆုံးသူ မောင်းနှင်လာသော ဆိုင်ကယ်မှာ မုတ္တမဘက်ခြမ်းမှမော်လမြိုင်ဘက်ခြမ်းသို့အပြန် ၎င်းနှင့်တိုက်မိသည့် ယာဉ်မှာ မော်လမြိုင်ဘက်ခြမ်းမှ မုတ္တမဘက်သို့အဆင်း တံတားတိုင်အမှတ် (RP-18)နေရာအရောက်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တွင်သွားရောက်ကူညီဆောင်ရွက်ခဲ့သူ လူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဦးကပြောသည်။

“‌ေ-သဆုံးသူအမျိုးသားက အသက် (၃၈) နှစ်ပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အခင်းကဖြစ်ပြီးသွားပြီ။ သူက ငှက်ဖျားတိုက်ဖျက်ရေးက ဆရာဝန်လို့သိရတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က ဖြစ်ပြီးသွားပြီ။ မျက်နှာချင်းဆိုင်တိုက်မိတာဖြစ်မယ်။ တိုက်တဲ့ယာဉ်က ဘုန်းကြီးတစ်ပါးမောင်းလာတာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ‌ေ-သဆုံးသူအမျိုးသား၏ ရုပ်အလေ-ာင်းကို ရာမည အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်မြိုင်ဆေးရုံကြီး အအေးတိုက်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ရာမညလူမှုကူညီကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here