ရနောင်းမှ ကော့သောင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ (၁၃၁)ဦးကို နေရပ်များသို့ ပို့ဆောင်ပေးသွားမည်

0
48

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၁၃၁)ဦးကို လိုအပ်သည်များ စစ်ဆေး၍ နေရပ်ဒေသအသီးသီးသို့စနစ်တကျ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများပါဝင်သည့် အမျိုးသား (၁၂၂)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၁၃၁)ဦးကို ယမန်နေ့ စက်တင်ဘာ(၆)ရက်က ရေလမ်းခရီးဖြင့်တာဝန်ရှိအဖွဲ့အစည်းများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ကော့သောင်းမြို့ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ နေရပ်ပြန်များ ပြန်လည်လက်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌အောင်ချိုနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားခဲ့ပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ၎င်းတို့ကို လုပ်ထုံး လုပ်နည်းများအရ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်၍ ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here