၈ လအတွင်းကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား ၅၈၀၀ ကျော်စေလွှတ်ထား

0
90

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဩဂုတ်လအထိ လုပ်သား ၅၈၅၀ ဦးစေလွှတ်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။

ယင်း ရှစ်လတာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်မှုတွင် ဇူလိုင်လနှင့် ဩဂုတ်လတွင် စေလွှတ်မှုအနည်းဆုံးဖြစ်ခဲ့ကြောင်းစာရင်းများအရ သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၁၀၀၀ ခန့် စေလွှတ်မည်ဖြစ်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု ၂၀၂၄ ခုနှစ်တွင် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို ပထမဦးဆုံးအကြိမ်ဖြစ် စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here