စင်ကာပူ လေယာဉ် ခရီးသည် ၇ ဦး လေထုမငြိမ်သက်၍ ဒဏ်ရာရ

0
82

စင်ကာပူ စရိတ်နည်းလေကြောင်းလိုင်း Scoot မှ လေယာဉ်တစ်စင်းသည် သောကြောနေ့က စင်ကာပူနိုင်ငံမှ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ ပျံသန်းနေစဉ် လေထု မငြိမ်သက်မှုနှင့် ကြုံတွေ့သောကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ကို ဆေးရုံတင်ထားရသည်ဟု သည် စထရိတ်တိုင်းမ်စ် သတင်းစာက စနေနေ့(စက်တင်ဘာ ၇) တွင် ဖော်ပြသည်။

ဘိုရင်း 787-9 Dreamliner အမျိုးအစား TR100 လေယာဉ်သည် ဆင်းသက်မည့် လေဆိပ်သို့ ချဉ်းကပ်နေစဉ် လေထုမငြိမ်သက်မှုနှင့် ကြုံတွေ့ခဲ့ပြီးနောက် ဒေသစံတော်ချိန် မနက် ၉း၁၀ နာရီတွင် လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု Scoot က ပြောဆိုကြောင်း သတင်းစာက ဖော်ပြခဲ့သည်။

ဖြစ်စဉ်အတွင်း ခရီးသည် လေးဦးနှင့် လေယာဉ်အမှုထမ်း သုံးဦး ဒဏ်ရာရခဲ့ပြီး ကွမ်ကျိုးလေဆပ်သို့ ဆိုက်ရောက်လျှင် ဆိုက်ရောက်ချင်း ၄င်းတို့ကို ဆေးဝါးကုသမှုပေးခဲ့ကြောင်းနှင့် ၎င်းတို့ထဲမှ တစ်ဦးသည် ဆက်လက်၍ စစ်ဆေးကုသမှုခံယူရန်အတွက် ဆေးရုံတင်ထားရကြောင်း ကိုလည်း သတင်း၌ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း လန်ဒန်မှ စင်ကာပူသို့ ပျံသန်းလာသည့် စင်ကာပူလေကြောင်းလိုင်း မှ လေယာဉ်သည် ထိုင်းနိုင်ငံ ဝေဟင်တွင် လေထုမငြိမ်သက်မှုနှင့် တိုးခဲ့သောကြောင့် ခရီးသည်တစ်ဦး‌ေ-သဆုံးကာ ၇ ဦး အပြင်းအထန်ဒဏ်ရာရမှုဖြစ်ခဲ့သေးသည်။

Ref: ဘန် ေကာက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here