ဟိုင်နန် ကို ယာဂီမုန်တိုင်းဝင် ၊သုံးဦး‌ေ-သဆုံးကာ ၉၅ ဦးဒဏ်ရာရ

0
80

ပေကျင်း၊စက်တင်ဘာ ၇

ယခုနှစ်အတွင်း ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံး အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းအဖြစ်သတ်မှတ်ခံထားရသည့် ယာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံ၌ ‌ေ-သဆုံးသူ ၃ ဦးအထိရှိလာပြီး တောင်ပိုင်းပြည်နယ် ၃ ခုတွင် လူ ၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်းဟွာကဖော်ပြခဲ့သည်။

ဟိုင်နန်၊ကွမ်တုံနှင့် ဂွမ်ရှီဂျန်ဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူပေါင်း ၁ ဒသမ ၂သန်းကျော်သည် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ဓာတ်အားနှင့် တယ်လီကွန်းဝန်ဆောင်မှုများပါအကြီးအကျယ်ပြတ်တောက်ခဲ့ကြောင်းသိရသည်။

ဟောင်ကောင်သို့ဝင်ရောက်တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံအတွက် ယခုနှစ်၏ ၁၁ ကြိမ်မြောက်အဖြစ်တိုက်ခတ်သည့် တိုင်ဖွန်း ယာဂီသည် နှစ်ကြိမ်တိုင်တိုင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပထမဦးစွာ ဟိုင်နန်ကျွန်းနှင့် နောက်ပိုင်းတွင် တောင်ပိုင်းကွမ်တုံပြည်နယ်များကိုဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် လုပ်ငန်းခွင်များ၊စာသင်ကျောင်းများနှင့်လေကြောင်းခရီးစဉ်များလည်းရပ်နားထားရပြီး တရုတ်သမ္မတရှီက သက်ဆိုင်ရာဒေသအာဏာပိုင်များကို ‌ေ-သဆုံးပျက်စီးမှုနည်းအောင်စီမံရန်နှင့် မုန်တိုင်းပြီးပါက ပုံမှန်အတိုင်းပြန်နေနိုင်ရန်စီစဉ်ဆောင်ရွက်ဖို့လည်းညွှန်ကြားထားကြောင်းသိရသည်။

ယာဂီမုန်တိုင်းသည် ‌တရုတ်သို့မဝင်မီက ဖိလစ်ပိုင်တွင် တိုက်ခတ်ခဲ့သေးကာ လူ ၁၃ ဦး‌ေ-သဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ယခုအခါ တရုတ်မှတစ်ဆင့် ဗီယက်နမ်သို့ ဆက်လက်တိုက်ခတ်နေပြီး မြေလည်း ပြိုနေကြောင်းသိရသည်။

Source : ဆော့သ်ချိုင်းနားမောနင်းပို့စ်တ်


LEAVE A REPLY

Please enter your comment!
Please enter your name here