ယူကရိန်းအရှေ့ပိုင်းရွာတရွာကိုထပ်မံသိမ်းနိုင်ခဲ့–ရုရှား

0
192

မော်စကို၊စက်တင်ဘာ ၇

မော်စကိုတပ်များ က ရှေ့ဆက်တိုးနေရာမှ ယူကရိန်းအရှေ့ပိုင်းရှိ ကျေးရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များကစက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ကိဗ်၏တပ်ဖွဲ့များက ထိန်းချုပ်ထားသော ပက်ခရို့စ်အရှေ့တောင်ဘက် ၂၅ ကီလိုမီတာအကွာတွင်ရှိသော ဒွန်းတက်စ်ဒေသရှိ Kalynove ရွာကိုရုရှားတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနကပြောကြားခဲ့သည်။

မော်စကိုသည် နိုင်ငံ၏အနောက်ဘက် ကာ့စ်ဒေသသို့ ရုတ်တရက်ထိုးစစ်ဆင်လာသည့် ယူကရိန်း၏ တန်ပြန်တိုက်ခိုက်မှုကို တွန်းလှန်ရုန်းကန်နေရသည့်ကြားမှပင် ယူကရိန်းအရှေ့ပိုင်းဒေသရှိ ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

ယူကရိန်းသို့ စစ်ရေးထိုးစစ်ဆင်ရသည့်အဓိကအကြောင်းအ‌ရင်းမှာ ယူကရိန်းပိုင် ဒွန်းတက်စ်နှင့် လူဟန့်ခ်စ်ဒေသများပါ၀င်သည့် ဒွန်းဘက်စ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်ဖြစ်ကြောင်းလည်း ရုရှားသမ္မတကထုတ်ဖော်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here