နေပြည်တော်တခွင်လှည့်လည်ကြည့်ရှုနေသည့် နစက ဥက္ကဋ္ဌ

0
131

နစက ဥက္ကဋ္ဌသည် နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့ကို ယနေ့ စက်တင်ဘာ ၇ ရက်နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ Naypyitaw State Academy ပရိဝုဏ်အတွင်း ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့်သစ်ပင်များရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များဆောက်လုပ်လျက်ရှိတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

Naypyitaw State Polytechnic University အတွင်း ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ အဆောက်အဦများဆောက်လုပ်လျက်ရှိမှုနှင့် ဘောလုံးကွင်းတည်ဆောက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် နေပြည်တော် ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးအားသွားရောက် ဖူးမြှော်ကြည်ညိုကာ စေတီတော်ကြီးဘက်စုံပြုပြင်မွန်းမံရန် အလှူငွေများလှူဒါန်းခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် မုစလိန္ဒာရေအိုင်နှင့်န ဂါးရုံဘုရား၊ မြတ်စွာဘုရား တရားဦးဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊ မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်စံဝင်တော်မူရာ အင်ကြင်းတောနှင့်မြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီဥ ယျာဉ်တော်တို့ကိုဖူးမြော်ကာ သံဃာတော်နားနေဆောင်များနှင့် ဓမ္မာရုံအတွင်းတို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် စေတီတော်ကြီး၏ ပရိဝုဏ်တော်၊ အဆောက်အဦများရေရှည်တည်တံ့ရေးပြုပြင်ထိန်းသိမ်းမှုများတို့ကို မှာကြားခဲ့သည်။

ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ ဝဇီ ရာဓမ္မဇောတိကာ သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြှော်ကြည်ညိုခြင်း၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ စာသင်သံဃာများ စာသင်ကြားနေမှုနှင့် ကျောင်းအတွက်လိုအပ်ချက်များကိုမေးမြန်းလျှောက်တင်ခြင်း၊ အလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here