တစ်ပါတ်အတွင်း တစ်ဒေါ်လာလျှင် ၃၀၀ နီးပါးကျဆင်းလာ

0
789

ပြီးခဲ့သည့် ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ရာမှ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများကို ထုတ်ရောင်းပေးခဲ့ပြီး ငွေလဲနှုန်းသည်လည်း ကျဆင်းလာရာမှ ယနေ့တွင် တစ်ဒေါ်လာ ၅၃၅၀ အထိကျဆင်းခဲ့သည်။

ယခုစက်တင်ဘာလ၏ ပထမပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၃၀၀ နီးပါးကျဆင်းလာခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့်စက်တင်ဘာ ၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ထိုင်းဘတ် သန်း ၈၀ ကို ထုတ်ရောင်းပေးခဲ့သလို စက်တင်ဘာလ ၅ ရက်တွင် တစ်ဒေါ်လာ ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၉ ဒသမ ၈ သန်းကျော်၊ တရုတ်ယွမ် ၄ သန်းနှင့် ထိုင်းဘတ် ၄၅ သန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့သည်။

ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ ပါဝင်သည့် FX Market Online Trading Platform မှတဆင့် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာမှ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗဟိုဘဏ်မှ FX Market Online Platform မှတဆင့်ဒေါ်လာများကို ထုတ်ရောင်းပေးခဲ့ရာမှ ဒေါ်လာ ၁၉၃.၉ သန်းကို ရောင်းချပေးခဲ့ပြီးဖြစ်သည်။

ယခုရက်ပိုင်းအတွင်းပြင်ပငွေကြေးဈေးကွက်အတွင်းဒေါ်လာဈေးနှုန်းမှာ ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် တစ်ဒေါ်လာ ဈေးနှုန်းများမှာစက်တင်ဘာ ၁ ရက်တွင် ၅၆၀၀ ကျပ်၊စက်တင်ဘာ ၂ ရက်တွင် ၅၆၅၀ ကျပ်၊စက်တင်ဘာ ၃ ရက်တွင် ၅၆၇၀ ကျပ်၊ စက်တင်ဘာ ၄ ရက်တွင် ၅၇၀၀ ကျပ်၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၅၆၀၀ ၊ စက်တင်ဘာ ၆ ရက်တွင် ကျပ် ၅၄၇၀ ၊ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၅၃၅၀ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here