ပို့ကုန်မူဝါဒဖြေလျှော့ပေးပြီးနောက်ပိုင်း ပြည်ပဆန်တင်ပို့မှုမြင့်တက်လာ

0
147

ဗဟိုဘဏ်မှ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာဖြေလျှော့သတ်မှတ်ပေးပြီးနောက်ပိုင်း ပြည်ပဆန်တင်ပို့မှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း ပြည်ပသို့ဆန်တန်ချိန် ၇ သိန်းကျော်တင်ပို့ထားပြီး ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၃၅၃ သန်းရရှိထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပဆန်တင်ပို့မှုအနေဖြင့် ဩဂုတ်လတွင်ဆန်တန်ချိန် နှစ်သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၉၇ သန်းရရှိခဲ့ကာ တင်ပို့မှုလအလိုက်နှိုင်းယှဉ်ကြည့်ပါက ဩဂုတ်လသည် အများဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ဆန်ကို နိုင်ငံပေါင်း ၃၀ သို့ ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းတို့မှ တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ မက်ထရစ်တန်ချိန် ၂၀၃၄၁၉ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန်ချိန် ၃၉၅၀ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် ၁၁၁၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ၁၆၂၃၂၅၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ သန်း၊ ဩဂုတ်လတွင် ၂၀၇၃၆၉ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၇ သန်း ရရှိထားသည်။

ယခင်ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆ သန်း တင်ပို့မှုမှ ကန်ဒေါ်လာ ၈၄၅ သန်းရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here