သက်တမ်း သုံးနှစ်အပြည့် တာဝန်ထမ်းဆောင်မည်–ထိုင်းဝန်ကြီးချုပ်

0
205
Thailand's new Prime Minister Paetongtarn Shinawatra (C), known by her nickname "Ung Ing" and daughter of former prime minister Thaksin Shinawatra, addresses the media after a special cabinet meeting at Government House in Bangkok on September 7, 2024. - Paetongtarn Shinawatra, the heiress of Thailand's most famous political dynasty, was sworn in as prime minister on September 6, capping a month of turmoil in which her predecessor was thrown out of office and the main opposition party dissolved. (Photo by MANAN VATSYAYANA / AFP)

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက သူ၏ ဝန်ကြီးချုပ်သက်တမ်း သုံးနှစ်ကို အပြည့်အဝ တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းနှင့် သူ့အပေါ် ဥပဒေကြောင်းအရ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂-၁၃ တွင် လွှတ်တော်သို့ တင်ပြရမည့် အစိုးရအဖွဲ့၏ မူဝါဒကြေညာချက်အတွက် ပြင်ဆင်ရန် စနေနေ့(စက်တင်ဘာ ၇)က အစိုးရအိမ်တော်တွင် အစိုးရအဖွဲ့အထူးအစည်းအဝေးကို သဘာပတိအဖြစ်ဆောင်ရွက်ခဲ့အပြီး သူက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် တာဝန်ဝတ္တရားများ မဆောင်ရွက်မီ လွှတ်တော်သို့ မူဝါဒကြေညာချက် တင်ပြရန်လိုအပ်သည်။

“အရင် ဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းရဲ့ မူဝါဒတွေ အဆက်မပြတ်စေဖို့ရာ သုံးနှစ်သက်တမ်း ကုန်ဆုံးတဲ့အထိ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်လိုပါတယ်” ဟု မစ္စ ပေတုံတန်က ပြောဆိုသည်။

“ကျွန်မက ဆရက်သာလိုပဲ ဖြူထိုင်းက ဝန်ကြီးချုပ်ပါ။ ကြေညာချက်မှာ ထည့်သွင်းဖို့ ညွန်ပေါင်းပါတီတွေရဲ့ မူဝါဒအဆိုပြုချက်တွေကိုလည်း ဆွေးနွေးထားကြပါတယ်” ဟု သူက ပြောသည်။

ပြစ်ဒဏ်ကျခံခဲ့ဖူးသူတစ်ဦးကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုဖြင့် မစ္စတာ ဆရက်သာကို အခြေခံဥပဒေဆိုင်ရာခုံရုံးက သြဂုတ် ၁၄ ရက်တွင် ရာထူးဖြုတ်ချခဲ့ပြီးနောက် မစ္စ ပေတုံတန်သည် အာဏာရ ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

မစ္စတာ ဆရက်သာသည် ဝန်ကြီးချုပ်အဖြစ် ၁၁ လ နှင့် ၂၁ ရက် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် မစ္စပေတုံတန်အနေဖြင့် ကျန်ရှိသည့် သုံးနှစ်ခန့် သက်တမ်းကို တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here