နေပြည်တော် မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်နေ

0
201

နေပြည်တော်- သာစည် – သဲတော – မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင်တင်နေမှုကို ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်ကမြန်မာ့မီးရထားမှ အရာရှိများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သေးသည်ဟု သိရသည်။

စစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် နေပြည်တော် – သာစည် – သဲတော – မန္တလေးရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုကို RBE ရထားဖြင့်လိုက်ပါစီးနင်းစစ်ဆေးပြီး တံတားအဝင်၊ အထွက် နေရာများတွင် ခုန်ဆောင့်လူးမဖြစ်စေရေး Run Off Frame များ စနစ်တကျ တပ်ဆင်သွားရန်နှင့် Alignment တိကျမှန်ကန်စေရေး စနစ်တကျစစ်ဆေးသွားရန်၊ တံတားနေရာများရှိ ဆွေးမြည့်နေသည့် သစ်သား ဇလီဖားများ လဲလှယ်ရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပြုပြင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်ဟု သိရသည်။

ထိုနည်းတူ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ရေတိုက်စားခံရသည့် တံတားရေလယ်တိုင်များတွင် ကျောက်ကြီးချရန်နှင့်လိုအပ်သည့်ရေလမ်းကြောင်း ရရှိရန်အတွက် ရေကာတန်းများရိုက်ရန်၊ ရေတိုက်စားခံရသည့် တာပေါင်များသတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ ဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်း ကျောက်များ စနစ်တကျ ဖြည့်သွင်းပြီး Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here