ဂျာမန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားကိုဖြတ်မည်

0
82
Taiwan President Lai Ching-te poses for a picture with navy personnel in front of the Taiwan made ROCS Cheng Ho frigate during a visit to inspect the troops at the Navy 146 Fleet Dinghai Camp District in Penghu Island on September 6, 2024. (Photo by WALID BERRAZEG / AFP)

ဖရန့်ခ်ဖတ်၊စက်တင်ဘာ ၈

ဂျာမန်စစ်သင်္ဘောနှစ်စင်းသည် ယခုလလယ်တွင် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်မောင်းနှင်မည်ဖြစ်ပြီး ယခုဖြတ်သန်းမှုသည် နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဖြတ်သန်းမှုဖြစ်လာမည်ဖြစ်ကြောင်းလည်း Spiegel မဂ္ဂဇင်းကဖော်ပြထားသည်။

အဆိုပါစစ်သင်္ဘောနှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းရန် ဘာလင်၏အမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံက ဂျာမနီကို ဝေဖန်ရှုံ့ချထားသည်။

ဂျာမနီအနေဖြင့် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းမှုသည် သာမန်ဟုသာယူဆသဖြင့် တရုတ်နိုင်ငံသို့ ကြိုတင်အသိပေးအကြောင်းကြားခြင်းမျိုးလုပ်မည်မဟုတ်ကြောင်းကို အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Spiegel မဂ္ဂဇင်းကဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍မူ ဂျာမနီအစိုးရက မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။ကနေဒါအပါအဝင် အမေရိက နှင့်အခြားနိုင်ငံများသည် ယခုကာလရက်သတ္တပတ်များအတွင်း ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောများမကြာခဏစေလွှတ်လေ့ရှိသော်လည်း ဂျာမနီအနေဖြင့်မူ ယခုဖြတ်သန်းမှုသည် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားသို့လာမည့် ဂျာမန်စစ်သင်္ဘောနှစ်စင်းသည် ပြင်သစ်၊အင်ဒိုနီးရှား၊အီတလီ၊ဂျပန်၊မလေးရှား၊စင်္ကာပူ၊ဖိလစ်ပိုင်နှင့်အမေရိကတို့နှင့်အတူ ဒေသတွင်းစစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည့်သင်္ဘောများလည်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံခြားစစ်သင်္ဘောများဖြတ်သန်းခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟုဆိုကာ တရုတ်နိုင်ငံကရှုံ့ချလေ့ရှိသည်။တရုတ်နိုင်ငံက ထိုင်ဝမ်သည်၎င်းတို့ပိုင်နက်ဟုအခိုင်အမာဆိုထားသော်လည်း ထိုင်ဝမ်ဘက်ကငြင်းဆိုထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here