ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်

0
52

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား လာမည့်စက်တင်ဘာ ၁၆ ရက်တွင် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ဂေါပကအဖွဲ့ကဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂေါပကအ ဖွဲ့ထံမှ သိရသည်။

ကျိုက္ခမီမြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်း(၅၈)ကျောင်းမှ သံဃာတော်(၃၀၄)ပါး၊ ကိုရင်(၁၈၃)ပါး၊ သီလရှင် (၂၀)ပါးက အလှူခံကြွရောက်တော်မူကြမည်ဖြစ် ကြောင်းသိရသည်။

ပျားရည်ဆွမ်းနှင့်ဆွမ်းဆန်စိမ်းများအား ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားကြီး ၏ ကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ရှေ့မှစတင်ကာ ကျိုက္ခမီမြို့တွင်းလမ်းတစ်လျှောက်မှကျိုက္ခမီမြို့လည်ရှိ လွတ်လပ်ရေးကျောက်တိုင်အထိအလှူရှင်များကလောင်းလှူသွားကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် ပျားရည် (၁)ပုလင်းလျင် (၁၀၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး (၆)ပြည်ဝင်တစ်အိပ်လျင် (၃၅၀၀၀)ကျပ်၊ စားဆီ(၁)လီတာ(၆)ဗူး(၁)ကဒ်လျင် (၂၅၀၀၀)ကျပ်ဖြင့် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ဂေါပကအဖွဲ့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here