လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ ဖွင့်လှစ်နိုင်ရေး ဦးစားပေး မည်

0
230

ကယားပြည်နယ်အတွင်း ဒေသအခြေအနေအရ ပိတ်ထားခဲ့ရသော လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဦးစားပေးအနေဖြင့် လိုအပ်သည်များကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က တိုက်တွန်းပြောကြားသည်။

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိင်ကော်)ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား စက်တင်ဘာ (၈)ရက်တွင် ကြည့်ရှု စစ်ဆေးပြီး ကျောင်းအစည်းအဝေးခန်းမဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

ဒေသအခြေအနေအရ အဆိုပါ ကျောင်း(၂)ကျောင်းအတွက် ဦးစားပေးအနေဖြင့် စာသင်ဆောင်များ ၊ ရုံးခန်းများ၊ အိပ်ဆောင်များ ၊ စားရိပ်သာများ ၊ ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများတွင် ဆောင်ရွက် ပေးရမည့် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အဆောင်များ၏ အမိုးနှင့် မျက်နှာကျက်များ၊ ပြတင်းတံခါးများ ပြုပြင်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟုသိရသည်။ 

ထို့ပြင် ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများပြန်လည်တက်ရောက် သင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းကြမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here