အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာစေတီတော်အနီး ဂယာကမ္မဌာန်း‌တိုက် ဦးဆောင် တည်ထောင်သည့် ဆရာတော်ဘဒ္ဒန္တ ဉာဏဝရ ဘဝနတ်ထံပျံလွန်တော်မူ

0
85

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာစေတီတော်အနီး ပွန်းစွန့်ဗုဒ္ဓဂယာရှမ်းကျောင်း နှင့် ဂယာကမ္မဌာန်း‌တိုက်ကို ဦးဆောင် တည်ထောင်ခဲ့သည့် သာသနာပြု ပုဂ္ဂိုလ်ကျော်ဆရာတော် ဘဒ္ဒန္တ ဉာဏဝရမှာ စက်တင် ဘာ(၆)ရက် မွန်းလွဲ(၁၁)နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် သက်တော် (၈၀) ၊ဝါတော် (၆၀)ရှိပြီဖြစ်ကာ အသည်းရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး၊ ယခုလ စက်တင်ဘာ (၁၃)ရက်နေ့တွင် ဆရာတော်၏ အန္တိမစျာပနအခမ်းအနားအား ကျင်းပသွားမည်ဖြစ်သည်။

ဆရာတော် သက်တော်ထင်ရှားရှိစဉ်အချိန်က ကျိုင်းတုံ မဟာဗောဓိကမ္မဌာန်းကျောင်း၊ တာချီလိတ် မဟာဗောဓိကမ္မဌာန်းကျောင်း၊ မိုင်းပျဥ်း မဟာဗောဓိကမ္မဌာန်းကျောင်း၊ မိုင်းခတ် မဟာဗောဓိကမ္မဌာန်းကျောင်း၊မိုင်းယန်း မဟာဗောဓိကမ္မဌာန်းကျောင်း၊မိုင်းပူးအွန် (မိုင်းပျဥ်းမြို့နယ်) မဟာဗောဓိကမ္မဌာန်းကျောင်းများတည်ထောင်ကာ နှစ်ပေါင်း (၄၀) ကျော် တရားပြပေး‌ခဲ့သည့် သာသနာပြု ပုဂ္ဂိုလ်ကျော်တစ်ပါးဖြစ်သည်၊၊

ယနေ့ စက်တင်ဘာ(၈)ရက် ညပိုင်းတွင် တာချီလိတ်မြို့ မဟာဗောဓိကမ္မဌာန်းကျောင်း၌ ဆရာတော်များမှ ညစဉ် တရားဒေသနာများတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ အန္တိမ စျာပနအခမ်းအနားအတွက် ဆရာတော်၏ တပည့်ဒါယိကာ၊ဒါယိကာမများနှင့်အတူ ဝစီပိတ်ဆရာ တော်ဦးဆောင်သော စစ်ဖက် အရပ်ဖက တာဝန်ရှိသူများမှလည်း စက်တင်ဘာ (၆)ရက်နေ့ ညနေပိုင်းတွင် လှုဒါန်း ငွေ ဘတ် (၁၈)သိန်းကျော် လာရောက်လှုဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ -ရှမ်းအရှေ့သတင်း မဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here