ပါပူးဝါး နူးဂီနီ သို့ ပုပ်ရဟန်းမင်း သွားရောက်ကာ ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပေးအပ်

0
122

ကမ္ဘာ့ဝေးလံခေါင်ဖျားနယ်မြေများအနက် တစ်ခုတွင် နေထိုင်ကြသော ကက်သလစ်ဘာသာဝင်များထံ သွားရောက်ရန်အတွက် ပုပ်ရဟန်းမင်း ဖရန်စစ်သည် အနောက်တောင်ပိုင်း ပစိဖိတ်ကျွန်းနိုင်ငံ ပါပူဝါနူးဂီနီ၏ တောနက်သောနယ်မြေအထိ သွားရောက်ခဲ့ကာ ဆေးဝါးအထောက်အပံ့များနှင့် အခြား အကူအညီပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

သြစတြေးလျ တော်ဝင်လေတပ်က စီစဉ် ပေးသည့် C-130 ကုန်တင်လေယာဉ်ဖြင့် မိုင် ၆၂၀ ခရီး ကို ပျံသန်းခဲ့ပြီးနောက် ဖရန်စစ်သည် နောက်လိုက်နောက်ပါ အနည်းငယ်နှင့်အတူ နူးဂီနီ ၏ အဓိကကျွန်းပေါ်ရှိ လူဦးရေ ၁၂၀၀၀ ခန့်နေထိုင်ရာ ဗာနီမို မြို့နယ်သို့ ရောက်ရှိခဲ့သည်။ ယင်းမြို့တွင် ရေပေးဝေမှုစနစ်မရှိသကဲ့သို့ လျှပ်စစ်မီးလည်း အလုံအလောက် မရ ပေ။

အသက် ၈၇ နှစ်အရွယ် ဖရန်စစ်သည် ဒေသခံလူထုကို ကူညီထောက်ပံ့ရန်အတွက် ကုန်ပစ္စည်း များ ကို ကီလိုဂရမ် ရာနှင့်ချီကာ ဝယ်ယူသွားခဲ့သည်ဟု ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ မတ်တီယို ဘရန်နီက ပြောဆိုသည်။ ကုန်ပစ္စည်းများထဲတွင် ဆေးဝါး အမျိုးမျိုး၊ အဝတ်အထည်များအပြင် ကျောင်းသူ/သားများအတွက် အရုပ်များနှင့် ဂီတတူရိယာများလည်း ပါဝင်သည်ဟု ဆိုသည်။

ပုပ်ရဟန်းမင်းသည် ၎င်း၏ သာသနာပိုင်ဘ၀ ၁၁ နှစ်အတွင်း အရှည်လျားဆုံး ခရီးအဖြစ် အရှေ့တောင်အာရှနှင့် သမုဒ္ဒရာပိုင်းဇုန်ရှိ နိုင်ငံလေးနိုင်ငံသို့ ၁၂ ရက်ကြာ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအတွက် ကျွန်းပေါင်း ၆၀၀ ဖြင့်ဖွဲ့စည်းထားသော ပါပူးဝါး နူးဂီနီကို လာရောက်ခြင်းဖြစ်သည်။

သူသည် Incamate Word of the Catholic Institute နှင့် ဒေသခံသာသနာပြုများ၏ ဖိတ်ကြားချက်အရ ဗာနီမို ကို လာရောက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် အမေရိကဒေသမှ ပထမဆုံး တင်မြှောက်ခံရသော ပုပ်ရဟန်းမင်း ဖရန်စစ်ကဲ့သို့ပင် အာဂျင်တီးနားမှ သာသနာပြု ပုဂ္ဂိုလ်များဖြစ်သည်ဟု သိရသည်။

“မင်းတို့က လှပတဲ့ အရာတစ်ခုကို လုပ်နေကြတာပါ၊ မင်းတို့တွေ အထီးကျန်မနေဖို့ အရေးကြီးပါတယ်” ဟု တစ်ထပ်သစ်သား ဘုရားကျောင်း၏ အပြင်ဘက်တွင် ဗာနီမို မြို့မှ ခန့်မှန်းခြေ လူဦးရေ ၂၀,၀၀၀ ခန့်ရှိသော သာသနာပြုများနှင့် ကက်သလစ်ဘာသာဝင်များကို ပုပ်ရဟန်းမင်းက ပြောဆိုခဲ့သည်ဟု ဗာတီကန်က ပြောသည်။

“သစ်ပင်ပန်းမန်မျိုးစုံနဲ့ ကျေးငှက်သာရကာတွေ ပြည့်နှက်နေတဲ့ ကြီးကျယ်ခမ်းနားတဲ့ နယ်မြေတစ်ခုမှာ မင်းတို့နေထိုင်ကြပါတယ်” ဟု ပုပ်ရဟန်းမင်းက ဆိုခဲ့ပြီး “တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာကြတဲ့ လူ့အသိုက်အမြုံတစ်ခုရဲ့အလှနဲ့ သဘာဝရှုခင်းအလှက လိုက်ဖက်ညီပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here