တိုက်ဖွန်း ယာဂီကြောင့် ဗီယက်နမ်မှာ လူ ၇ ဦးထက်မနည်း ‌ေ-သဆုံး

0
68
This picture shows swept motorbikes with the debris of destroyed waiting lounges on the shore after Super Typhoon Yagi hit Ha Long bay, in Quang Ninh province, on September 8, 2024. - Super Typhoon Yagi uproots thousands of trees, sweeps ships and boats out to sea and rips roofs off houses in northern Vietnam, after leaving a trail of destruction in southern China and the Philippines. (Photo by Nhac NGUYEN / AFP)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကုန်တွင်းပိုင်းကို စနေနေ့ မွန်းလွဲပိုင်း၌ တိုက်ဖွန်း ယာဂီဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကနဦးခန့်မှန်းချက်များအရ လူ ၇ ဦးခန့်‌ေ-သဆုံးကာ ဒါဇင်နှင့်ချီ ၍ ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။

လက်ရှိ(သြဂုတ် ၈) တွင် ယာဂီသည် စူပါတိုင်ဖွန်းအဖြစ်မှ အားပျော့သွားပြီဟု သိရသည်။ တိုင်ဖွန်းဝင်ရောက်စဥ မြို့တော်ဟနွိုင်တွင် လူ သုံးဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ရပ်ကွက်များစွာ ရေနစ်မြုပ်ခဲ့ပြီး သစ်ပင်များ ထောင် နှင့်ချီ ၍ လဲကျခဲ့သကဲ့သို့ လူနေအိမ်များ လည်းထိခိုက်ပျက်စီးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန် ပြောဆိုသည်။

ယာဂီ ကြောင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် လူ သုံးဦး ‌ေ-သဆုံးကာ ၁၀၀ နီးပါး ဒဏ်ရာရ ခဲ့သည်။ မုန်တိုင်းသည် အရှေ့တောင်အာရှနိုင်ငံကို ဆက်လက်ဝင်ရောက်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်တစ်စု ကျော်အတွင်း ဒေသတွင်းတိုက်ခတ်ခဲ့သမျှ အားအပြင်းဆုံး တိုက်ဖွန်းဖြစ်ခဲ့သည်ဟု ဗီယက်နမ် မိုးလေဝသ တာဝန်ရှိသူများက ပြောဆိုသည်။

တိုင်ဖွန်းသည် ကမ်းရိုးတန်းပြည်နယ်များဖြစ်သော Quang Ninh နှင့် Haiphong များသို့ တစ်နာရီ ၉၂ မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကုန်းတွင်းပိုင်းမဝင်ရောက်မီ လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့တော် ဟနွိုင်တွင် သစ်ပင်လဲကျခဲ့၍ အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ဒေသတွင်းမီဒီယာက စနေနေ့တွင် ဖော်ပြသည်။

Quang Ninh သည် ယူနက်စကို အမွေအနှစ်စာရင်းဝင် ဟာလောင် ပင်လယ်အော် တည်ရှိရာ ပြည်နယ်ဖြစ်ပြီး တိုင်ဖွန်းမဝင်မီ ယင်းနယ်မြေရှိ အပျော်စီးသင်္ဘောခရီးစဉ်များကို ရာနှင့်ချီ၍ ဖျက်သိမ်းထားခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဆိုသည်။ မုန်တိုင်းကြောင့် Quang Ninh နှင့် Thai Binh ပြည်နယ်နေရာအတော်များများတွင် ဓါတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

အစောပိုင်းတွင် အစိုးရက သတိပေးချက် အများအပြား ထုတ်ပြန်ခဲ့ပြီး ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားလာနိုင်သည့် ဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်။ ဟနွိုင်နှင့် ဟိုင်ဖုံး အပါအဝင် လေဆိပ် လေးခုကို ပိတ်ခဲ့ရသည်ဟုလည်း သိရသည်။

အာဏာပိုင်များက ဟနွိုင်မြို့တွင် သစ်ပင်များ ပြိုလဲကျနိုင်သည့် အန္တရာယ်လျော့ပါးစေရန် အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းခဲ့သည်။ သို့ရာတွင် မြောက်ပိုင်းမြို့များတွင် မိုးသက်လေပြင်းများကြောင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုလဲခဲ့ပြီး ရပ်နားထားသော ရေယာဉ်များအပြား သည် ပင်လယ်ထဲ မျောပါသွားခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here