ရေတပ်စွမ်းအားမြှင့်တင်ရန်အရေးကြီး–ကင်မ်ဂျုံအမ်

0
148
This undated photo taken by North Korea's official Korean Central News Agency (KCNA) and released on August 26, 2024 shows North Korean leader Kim Jong Un (C) inspecting the construction site of regional industrial factories at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊စက်တင်ဘာ ၈

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်သည် နိုင်ငံတော် အနေဖြင့် ရေတပ်စွမ်းအားကိုမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ရေတပ်စွမ်းအားသည် အရေးကြီးကြောင်းကို ရေတပ်စခန်းတည်ဆောက်ရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အတွင်း အလေးပေးပြောကြားခဲ့ကြောင်းသိရသည်။

“အခုဆိုရင်ကျွန်တော်တို့ဟာ ရှိပြီးသားဆိပ်ခံတံတားတွေမှာ ကမ်းကပ်၊ကျောက်ချလို့မရတဲ့ အကြီးစား စစ်သင်္ဘောနဲ့ရေငုပ်သင်္ဘောတွေကို လက်ဝယ်ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပါတယ်၊ဒီေတာ့ကာ အဲလိုစစ်သင်္ဘောကြီးအမျိုုးအစားတွေ ဆိုက်ကပ်နိုင်ဖို့ဆိုရင် ရေတပ်အခြေစိုက်စခန်းတည်ဆောက်ဖို့က အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်လာပါတယ်” ဟုလည်း ကင်မ်ကပြောကြားခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း ကင်မ်က စစ်သင်္ဘောများ၏လက်နက်စနစ်များကို လက်ခံနိုင်သည့် ရေတပ်ဆိပ်ကမ်းမျိုးတည်ဆောက်ရန်လိုအပ်ကြောင်း ကို အလေးပေးပြောကြားခဲ့ပြီး ယင်းဆိပ်ကမ်းကို ကာကွယ်ရန် လေယာဉ်ပစ် စနစ် နှင့်ကမ်းရိုးတန်းကာကွယ်ရေးစနစ်များကို ဖြန့်ကျက်ချ ထားရန်လိုအပ်ကြောင်းကိုလည်းဆိုခဲ့သည်။

သင်္ဘောကျင်းတစ်ခုသို့သွားရောက်စစ်ဆေးချိန်တွင် ကင်မ်က သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံကြရန်အရေးကြီးပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်းသည့် ရေတို၊ရေရှည်ဆောင်ရွက် ရမည့် ကိစ္စများကိုလည်း ရှေ့ဆက်ဆောင်ရွက်ကြရန်တိုက်တွန်းခဲ့သေးသည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here