ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်နေ

0
67

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲအနေဖြင့် ပုဂံခေတ်တွင် တူးဖော်အသုံးပြုခဲ့သော ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ထိန်းသိမ်းခြင်းနှင့် ရေစီးလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်၍ ပုဂံနန်းတော်ကြီးကျုံးအတွင်း ရေဝင်ရေစီးကြောင်းများ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိနေရာ ရှေးဟောင်းရေကန် (၉၁) ကန်ကို ပြန်လည်တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ပုဂံနယ်မြေတွင်းရှိ ကန္တာရတောထူထပ်သည့် နေရာများတွင် ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များအား ရှင်းလင်းပြီးဖြစ်ရာ ဘုရားဖူးများ မြင်ကွင်းကျယ်အနေအထားဖြင့် ကြည့်ရှုဖူးမြော်နိုင်ပြီဖြစ်ကာ ဘုရားအစုအဝေးများရှိသည့် ခေမင်္ဂဘုရားအစုအဝေး၊ ဆူးလေကုန်းဘုရားအစု၊ ဝတ္ထနတောဘုရားစု၊ ရင်မနားဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ အပါယ်ရတနာဘုရားစု၊ နဂါးရုံဘုရားတောင်ဘက်ဘုရားစု၊ ဓမ္မရာဇကဘုရားမြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဘုရားစုများ၊ ရွှေနန်းရင်တောဘုရားစုများနှင့် အုတ်ကျောင်းတိုက်အစုအဝေးများကို ရှင်းရှင်းလင်းလင်းဖူးတွေ့နိုင်အောင် မြင်ကွင်းကျယ်အနေအထားမျိုးဖြင့် ဖူးတွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးခရီးသွားဧည့်သည်များအနေဖြင့် စနေ၊ တနင်္ဂနွေနေ့များနှင့် အဖိတ်၊ ဥပုသ်နေ့များတွင် ဘုရားဖူးပိုမိုဝင်ရောက်လည်ပတ်လျက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here