တောင်ဥက္ကလာပမြို့နယ်တွင် အင်္ကျီလာရွေးသူနှင့်အတူပါလာသည့် အမျိုးသားကဓ-ားဖြင့်ထို-း၍ အပ်ချုပ်ဆိုင်ပိုင်ရှင်‌ေ-သဆုံး

0
288

စက်တင်ဘာ ၇ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ သီရိဇေယျာ(၁၈)လမ်းရှိ အမျိုးသမီးဖွင့်လှစ်ထားသည့် အပ်ချုပ်ဆိုင်တွင် အင်္ကျီလာယူသူအမျိုးသမီးနှင့်အပ်ချုပ် ဆိုင်ပိုင်ရှင်အမျိုးသမီးတို့ အပ်ထည်အင်္ကျီကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

“အပ်ချုပ်ဆိုင်ပိုင်ရှင်နဲ့အင်္ကျီလာယူတဲ့အမျိုးသမီး စကားများရန်ဖြစ်ရင်းနဲ့ အင်္ကျီလာယူတဲ့ အမျိုးသမီးရယ် သူနဲ့အဖော်ပါလာတဲ့အမျိုးသမီးရယ်က အပ်ချုပ်ဆိုင်ပိုင်ရှင်ကိုရို-က်နှက်တယ်။ အဲဒီမှာ အပ်ချုပ်ဆိုင်ပိုင်ရှင်ရဲ့ အဖေကဝင်တားပြီးဖျန်ဖြေပေးခဲ့ပါတယ်။ အဲဒီလိုဖျန်ဖြေနေတာကို အင်္ကျီလာယူတဲ့ အမျိုးသမီးရဲ့ယောက်ကျာ်းက မပြောမဆို ဓ-ားနဲ့ဝင်ခု–တ်ပြီး အပ်ချုပ်ဆိုင်ပိုင်ရှင်ကိုပါ ဓ-ားနဲ့ထပ်ထို-းပြီးထွက်ပြေးသွားကြတယ်။ အပ်ချုပ်ဆိုင်ပိုင်ရှင်က ကိုယ်ဝန်သည်ပါ နောက်ပြီး (၇)နှစ်အရွယ်ကလေ-းတစ်ယောက်လည်းရှိတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဉ်ကြောင့် အပ်ချုပ်ဆိုင်ပိုင်ရှင်၏ ဖခင်ဖြစ်သူ၏ လက်တွင်ဓ-ားခု-တ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဓာ-းဖြင့်ထို-းခံရသည့် အပ်ချုပ်ဆိုင်ပိုင်ရှင်မှာ စိုးရိမ်ရသဖြင့် မေတ္တာသီတာရေစင်ပရဟိတအသင်းမှ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့သော်လည်း အပ်ချုပ်ဆိုင်ပိုင်ရှင်မှာ ရရှိထားသည် ဓ-ားထိုးခံရသည့်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေစဉ် ‌ေ-သဆုံးသွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-မေတ္တာသီတာရေစင်


LEAVE A REPLY

Please enter your comment!
Please enter your name here