တိုက်ဖွန်းယာဂီ ဟနွိုင်းသို့ဝင်ရောက်ပြီးနောက် အားပျော့သွားပြီဖြစ်

0
65
A man walks on a partly flooded street past an unrooted tree and debris after Super Typhoon Yagi hit Hai Phong, on September 8, 2024. - Super Typhoon Yagi uproots thousands of trees, sweeps ships and boats out to sea and rips roofs off houses in northern Vietnam, after leaving a trail of destruction in southern China and the Philippines. (Photo by Nhac NGUYEN / AFP)

ဟနွိုင်း၊စက်တင်ဘာ ၈

အာရှတိုက်၏အားအပြင်းဆုံးမုန်တိုင်းအဖြစ်သတ်မှတ်ထားသည့် တိုက်ဖွန်းမုန်တိုင်းယာဂီသည် ဗီယက်နမ်မြောက်ပိုင်း၊တရုတ်နိုင်ငံဟိုင်နန်နှင့် ဖိလစ်ပိုင်တို့သို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် ယခုအချိန်တွင် တိုင်ဖွန်းမုန်တိုင်းမှအပူပိုင်းမုန်တိုင်းငယ်အဖြစ် ပြောင်းလဲကာအားပျော့သွားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအားပျော့သွားသည့်သတင်းကို ဗီယက်နမ်မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆက်တွဲရေကြီးခြင်းနှင့်မြေပြိုခြင်းအန္တရာယ်များအတွက် သတိပေးချက်များကိုလည်းထုတ်ပြန်ထားသည်။

စနေနေ့တွင်ဝင်ရောက်တိုက်ခတ်ခဲ့သည့်ယာဂီကြောင့် ဗီယက်နမ်မြို့တော်၌ လျှပ်စစ်ဓာတ်အားလိုင်းများပြတ်တောက်ကာ ဖုန်းလိုင်းများလည်းပြတ်တောက်ခဲ့ပြီး ရေကြီးပြီး အပင်ပေါင်းထောင်ချီကျိုးကျကာ အိမ်များလည်းပျက်စီးခဲ့သည်။

မုန်တိုင်းယာဂီကြောင့် ဗီယက်နမ်တွင် လူ ၁၄ ဦးထက်မနည်း‌ေ-သဆုံးကာ တရုတ်နိုင်ငံတွင် လေးဦး‌ေ-သဆုံးပြီး ဖိလစ်ပိုင်တွင် ၂၀ ဦး‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။ဖိလစ်ပိုင်တွင် ‌ေ-သဆုံးမှုအများဆုံးဖြစ်ပြီး ပျောက်ဆုံးနေသူလည်း ၂၂ ဦးရှိကြောင်းသိရသည်။

Source : ရိုက်တာ/ဇက်အယ်လ်/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here