ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်း၏ ပုံများယူသုံး၍ လိ-မ်လည်အလှူခံမှုများရှိနေ

0
78

လူအသုံးများနေသည့် Tik Tok စာမျက်နှာတွင် ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်း၏ ပုံများယူသုံး၍ လိ-မ်လည်အလှူခံမှုများရှိနေကြောင်း အဆိုပါအသင်းမှ သိရသည်။

Tik Tok တွင် အရှင်ကောသီလအမည်ဖြင့် ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်း၏ ဘိုးဘွားများပုံကို ယူသုံး၍ အလှူခံမှုများရှိနေကြောင်း၊ ထိုကဲ့သို့လိ-မ်လည်အလှူခံရာတွင် နေ့စဉ်သိန်းနှင့်ချီ၍ အလှူငွေထည့်ဝင်သူများ ရှိနေကြောင်း သိရသည်။

” လိ-မ်တဲ့အကောင့်ရဲ့ post အောက်မှာ တတ်နိုင်သမျှလိုက်ပြောပေးပါတယ်။ ပြီးတော့ လှူတယ့်သူတွေကလည်း ထိုင်းတို့မလေးရှားတို့မှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေက လှူကြတာများတယ်။ အဲဒီလိ-မ်ပြီးအလှူခံတဲ့သူက အလှူငွေတွေတနေ့ကို သိန်းနဲ့ချီရနေတာ။ အဲဒါကြောင့် သတိပေးစေချင်တာပါ”ဟု ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်းကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နာရေးကူညီမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မျက်စိခွဲစိတ်ကုသပေးမှု၊ ကျောက်ကပ်သွေးသန့်စင်ဌာန၊ ဗိမာန်ရှင်ဘိုးဘွားရိပ်သာ ဖွင့်လှစ်၍ အဖိုးအဖွားများကို စောင့်ရှောက်ပေးမှုနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here