လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်ကြောင်း အစ္စရေး သတင်းထုတ်ပြန်

0
150

အစ္စရေးလေတပ်(IAF) သည် လက်ဘနွန်၏ ရှီးယိုက်လှုပ်ရှားမှု ဟဇ်ဘိုလာအဖွဲ့ပိုင် ဒုံးပစ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ထုတ်ပြန်သည်။

“IAF ဟာ လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ လောင်ချာတွေကို ညပိုင်းမှာ ပစ်ခတ်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် IAF သည် လက်ဘနွန်တောင်ပိုင်းရှိ Khirbet Selm ဧရိယာတွင် ဟစ်ဇ်ဘိုလာစစ်စခန်းအား တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်အခြေစိုက် အစွန်းရောက်ပါလက်စတိုင်း လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ် စစ်သွေးကြွများက ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့ရာ အစ္စရေးနယ်စပ်တွင် အခြေချနေထိုင်သူများ ‌ေ-သဆုံးပြီး ဓ-ားစာခံများ ဖမ်းဆီးခံရသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှ စတင်၍ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ထပ်မံဖြစ်ပွားလာခဲ့သည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ပါလက်စတိုင်းအသိုက်အဝန်းအား စစ်ဆင်ရေးတစ်ရပ်ဖြင့် ယနေ့အထိ တိုက်ခိုက်နေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here