“ဝ” ဒေသ မိုင်းပေါက်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ ကားနှင့် လူနေအိမ်များ‌မျောပါနစ်မြှုပ်

0
130

UWSA ထိန်းချုပ်ရာ “ဝ” ဒေသ မိုင်းပေါက်မြို့တွင် ယနေ့ စက်တင်ဘာ (၉) ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်းစွာရွာသွန်းနေခြင်းကြောင်းရေကြီးရေလျှံမှုများဖြစ်ပွားကာ၊ လူနေအိမ်နှင့်အဆောက်အအုံများ မျောပါရေနစ်မြှုပ်လျှက်ရှိကြောင်း သိရသည်။

ယင်းရေကြီးရေလျှံဖြစ်ပွားမှုကြောင့် မိုင်းပေါက်မြို့အတွင်း အိမ်စီကားများ မျောပါခြင်း ၊ လူနေအိမ်များနစ်မြှပ်ခြင်းများဖြစ်ပွားလျှက်ရှိကာ လူထိခိုက်‌ေ-သဆုံးရှိ/မရှိကိုမူ ပေါ်ပြူလာနယူးစ်က သီးခြားဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။

ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း YAGI အပြင်ဘက် တိမ်တိုက်များအ‌နေဖြင့် ရှမ်းပြည်နယ်အရှေ့အတွင်း စတင်ဝင်ရောက်နေပြီး ၊ ယနေ့ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်နေ့တို့တွင် မိုးများနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူများက အသိပေးထားသည်။

အလားတူ ရှမ်းရှေ့ဒေသများဖြစ်သည့် မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖျက်၊ တာလေ၊ ရွှေတြိဂံဒေသ၊ မယ်ဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း၊ မိုင်းတုန်၊ မိုင်းပန်၊ ကွန်ဟိန်း၊ မိုင်းပြင်း၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းယန်း၊ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းရှူး အစရှိသည့်ဒေသများတွင်လည်း စက်တင်ဘာလ (၉) ရက်နှင့် (၁၀) ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးကြီး၊ ရေလျှံနိုင်ခြင်းကြောင့် အထူးဂရုစိုက်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။

ထိုအပြင် မယ်ဆိုင်ချောင်းရေမှာ တာချီလိတ်မြို့ ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ယင်းမြို့၏ စိုးရိမ်ကေမှတ် ၁၂ ဒဿမ ၈၀ပေအထက် (၃)လက်မခန့်ကျော်လွန်ရောက်ရှိနေကာ နောက်တစ်ရက် အတွင်း တစ်ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုး/ဇလကယနေ့တွင် ထုတ်ပြန်အသိပေးထားသည်။

ထို့ကြောင့် ရှမ်းပြည်နယ်အရှေ့ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းအနီးနေထိုင်သူများ သတိပြုနေထိုင်ကြရန်နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here