ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး တူဖြင့်ထုသ-တ်ခံရ

0
194

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထင်ရပ်ရှိ မြန်မာနိုင်ငံသားအများစုနေထိုင်သည့် တိုက်ခန်းတစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦး တူဖြင့်ထုသ-တ်ခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၈ ရက်က ဘန်ခွန်ထင်ရပ်ရှိ မြန်မာနိုင်ငံသားအများနေထိုင်သည့် (၇)ထပ်အမြင့်ရှိသော တိုက်ခန်းတစ်ခု၏ (၃)ထပ်မြောက် အခန်းတစ်ခုအတွင်းမှ အပုတ်နံ့ထွက်နေသဖြင့် အနီးဝန်းကျင်နေထိုင်သူများက သက်ဆိုင်ရာထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်များကလာရောက်စစ်ဆေးရာ အခန်းတွင်း၌သေဆုံးနေသူသည် မြန်မာနိုင်ငံသူတစ်ဦးဖြစ်ကာ တူဖြင့်ထုခံရသောဒဏ်ရာများဖြင့် ပြီးခဲ့သည့် ၄ ရက်ခန့်ကပင်သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

” သေဆုံးတဲ့အမျိုးသမီးက အဲဒီအခန်းမှာ အမျိုးသားတစ်ယောက်နဲ့အတူနေတယ်။ အခင်းဖြစ်ပြီးသွားတော့ သူ့အမျိုးသားကော သူတို့မွေးထားတဲ့ခွေးလေးပါပျောက်နေတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးကူညီဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖြစ်စဉ်အား ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူဟုယူဆရသည့် အတူနေအမျိုးသားအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများကိုကြည့်ရှု့၍ စုံ စမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here