တရုတ်နှင့်ကုန်သွယ်ရေးမြှင့်တင်ရန် စပိန်ဝန်ကြီးချုပ် ပေကျင်းသို့သွားရောက်

0
149

ပေကျင်း၊စက်တင်ဘာ ၉

စပိန်ဝန်ကြီးချုပ် ပေဒရိုဆန် ရှေး သည် တရုတ်သမ္မတရှီကျင့်ဖျင် အပါအဝင် ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၉ ရက်တွင် ပေကျင်းသို့ရောက်ရှိနေကြောင်းသိရပြီး ၎င်းသည်တရုတ်နှင့်ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေး သည် ရပ်တန့်နေသော်လည်း တရုတ်နှင့် ကုန်သွယ်ရေးကို မြှင့်တင်ရန် စိတ်အားထက်သန်နေသည်ဟုသိရသည်။

ပေကျင်း၌ပြုလုပ်သည့် ဖိုရမ်တွင် ဆန် ရှေး က တရုတ်နှင့်စပိန်ကြား ခိုင်မာသောဆက်ဆံရေးကို ကြိုဆို ထောက်ခံခဲ့သည်။

“ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ကြားမှာ မတူညီမှုတွေရှိခဲ့ရင်တောင် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ၊အပြုသဘောဆောင်တဲ့ အစီအစဉ်တွေနဲ့ နှစ်ဖက်အကျိုးရှိစေမဲ့သဘောတူညီချက်တွေကတစ်ဆင့် မတူညီတာတွေအတွက် အဖြေရှာပါ့မယ်လို့ ကတိပြုပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

မစ္စတာဆန် ရှေးသည် သမ္မတရှီနှင့်တွေ့ဆုံပြီးပါက အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် ရှန်ဟိုင်းသို့ခရီးဆက်ကာ ဒေသဆိုင်ရာအာဏာပိုင်များ၊စီးပွားရေးလုပ်ငန်းရှင်များနှင့်ပါတွေ့ဆုံကာ Cervantes Institute ယဉ်ကျေးမှုစင်တာအသစ်ကိုလည်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here