စစ်ကိုင်းခရိုင်အတွင်း ဆီထွက်သီးနှံနှင့် ဝါသီးနှံအထူးဇုန်များ လုပ်နေ

0
50

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ဆီထွက်သီးနှံအထူးဇုန်နှင့်ဝါသီးနှံအထူးဇုန်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းခရိုင်ဆီထွက်သီးနှံအထူးဇုန်တွင် ဆီထွက်သီးနှံ (၁၁၁,၁၇၅) ဧကစိုက်ပျိုးရန် လျာထားပြီးလက်ရှိတွင် (၄၇,၂၆၂) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုဘဏ္ဍာနှစ် အတွင်း ဝါသီးနှံ (၅၀,၅၈၂) ဧက စိုက်ပျိုးရန်လျာထားပြီး (၂၀,၈၃၈) ဧကစိုက်ပျိုးထားပြီးဖြစ်သည်။

ထို့ပြင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာကို (၁,၀၀၈,၈၄၇) ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် (၁၀၅,၆၁၅) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်းလည်း သိရသည်။

စစ်ကိုင်းခရိုင်တွင် မိုးစပါးကို (၄၂,၂၅၀) ဧကစိုက်ပျိုးရန်လျာထားရာ ယခုအခါ (၂၇,၉၁၂) ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

စစ်ကိုင်းခရိုင်အတွင်း မိုးစပါးနှင့်ဝါ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများ ပေးအပ်ပွဲအခမ််းအနားကို စက်တင်ဘာလပထမပတ်အတွင်းက စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီးနှံမျိုးစုံကို စိုက်ပျိုးလျာထားချက် ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲနည်းကို ပညာပေးဆွေးနွေပြောကြားခြင်းများပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here