ကန်ပက်လက်မြို့မှ စစ်ဘေးရှောင်(၁၀၄)ဦး မကွေးမြို့သို့ရောက်လာ တိုင်းအစိုးရအဖွဲ့ကထောက်ပံ့ပစ္စည်းများပေး

0
113

မကွေးမြို့သို့ရောက်ရှိလာသည့် ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှစစ်ဘေးရှောင်(၁၀၄)ဦးအား တိုင်းအစိုးရအဖွဲ့က မကွေးတက္ကသိုလ်ရှိ ဗိဿနိုးဆောင်တွင်ယာယီနေထိုင်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဝန်ကြီးချုပ်ဦးတင့်လွင့်နှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုယာယီနေထိုင်နိုင်ရန်စီစဥ်ပေးထားပြီးဖြစ်သော်လည်း သီးခြားနေရာတစ်ခုစီစဉ်ကာ (၃) ပတ်လည်အိမ်များအမြန်ဆောက်လုပ်၍ ကောင်းမွန်စွာနေထိုင်နိုင်ရေးနှင့် အလုပ်အကိုင်ရရှိလုပ်ကိုင်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောကြားခဲ့သည်။

ထို့နောက် စစ်ဘေးရှောင်အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပုံး၊ မီးဖို ချောင်သုံးပစ္စည်း(၈)မျိုးပါပုံး၊ မိသားစုသုံးပ စ္စည်း(၁၁)မျိုး ပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါအိတ်၊ စောင်၊ (၁၀)လီတာဆံ့ ရေ ပုံး၊ တာပေါ်လင်မိုးကာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ မကွေးတက္ကသိုလ်ရှိ ဗိဿနိုးဆောင်တွင် ကျင်ဒွေးဒေသမှစစ်ဘေးရှောင်အိမ် ထောင်စု(၃၃)စုမှ လူဦးရေ(၁၀၄)ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here