အောင်ပန်းတွင် အရက်ကြောင်နေသူ အမျိုးသားတစ်ဦး မတော်တဆ ချော်လဲရာမှ ဓားထိုးမိကာ အသက်ဆုံးရှုံး

0
193

ရှမ်းပြည်တောင်ပိုင်း ၊ အောင်ပန်းမြို့တွင်

အရက်ကြောင်နေသူ အမျိုးသားတစ်ဦး မတော်တဆချော်လဲရာမှ ၎င်းကိုင်ဆောင်ထားသည့် ဓားဖြင့် ပြန်ထိုးမိကာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အသက်သေဆုံးသူ အမျိုးသားမှာ ယမန် နေ့ စက်တင်ဘာ (၈)ရက် ည(၁၀)နာရီခွဲအချိန်တွင် အရက်ကြောင်ကာ ဓားကိုင် ၍နေအိမ်ပတ်ဝန်းကျင်အနီး ပတ်ပြေးနေရာမှ နေအိမ်သို့အဝင် ခလုတ်တိုက်၍ ချော်လဲခဲ့ရာ ၎င်းကိုင်ဆောင်ထားသည့် ဓားဖြင့်ပင် ထိုးမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

” သူက အရက်ဖြတ်ထားပြီး အရက်ကြောင်နေတာ။ သူအိမ်ဝန်းမှာပဲ ခလုတ်တိုက်ပြီး သူ့ရင်ဘတ်သူ ဓားနဲ့ထိုးမိပြီးတာ။ မနက်ဖြန် (စက်တင်ဘာ ၁၀)သဂြိုဟ်မှာပါ”ဟု အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ခံက ရှင်းပြသည်။

သေဆုံးသူမှာ အသက်(၃၃)နှစ်အရွယ် ကိုလင်းလင်းထူးဆိုသူဖြစ်ပြီး၊ လက်ရှိတွင် အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ ဆောင်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ-အောင်ပန်း နာ/ကူ


LEAVE A REPLY

Please enter your comment!
Please enter your name here