ရှီနှင့် ပူတင်တို့က ကင်မ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

0
62

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည် အခါသမယတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်ဟု နိုင်ငံပိုင် KCNA သတင်းဋ္ဌာနကတနင်္လာနေ့(စက်တင်ဘာ ၉) တွင် ဖော်ပြသည်။

ရုရှားနှင့် မြောက်ကိုရီးယားအကြား ဘက်စုံမဟာဗျူမြောက် မိတ်ဖက်ဆက်ဆံရေးသည် မိမိတို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် အစီအစဉ်တကျ ခိုင်မာအားကောင်းလာမည်ဟု ယုံကြပါကြောင်း ပူတင်က ပြောကြားသည်ဟု KCNA က ဆိုသည်။

ထို့အတူ သမ္မတရှီကလည်း မြောက်ကိုရီးယားနှင့် ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြကြောင်း KCNA က ဆက်လက် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၉ ရက်တွင် ကျရောက်ခဲ့သော နိုင်ငံထူထောင်ခြင်း နှစ်ပတ်လည်နေ့ကမူ ကင်မ် သည် အရန်တပ်ဖွဲ့များ၏ စစ်ရေးပြချီတက်မှုများ၊ သံတမန်ရေး အပြန်အလှန်ဖလှယ်မှုများနှင့်အတူ ကျင်းပသွားခဲ့ပြီး တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေး နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဟု အဆိုပါ အခမ်းအနားတွင် ကတိပြုခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here