တာချီလိတ်မြို့တွင်းရပ်ကွက်အချို့ ရေဝင်ရောက်လျက်ရှိ

0
53

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ စက်တင်ဘာ ၉ ရက်နေ့လည်ပိုင်းမှစတင်၍ မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် ရေများဝင်ရောက်လျက်ရှိကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းနှင့်ဒေသခံများထံမှ သိရသည်။

တာချီလိတ်မြို့တွင်း တာလော့ ၊ပုန်းထွန်း၊ မ ကာဟိုခမ်း ၊မယ်ခေါင်၊ ဆန်ဆိုင်း(က)နှင့်(ခ)ရပ် ကွက်တို့ရှိ နေအိမ်များနှင့်လမ်းများပေါ်တွင် ရေဝင်ရောက်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိ၍ ရေဝင်ရောက်မှုများပြားသည့် နေအိမ်များတွင်နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

” တာချီလိတ်မြို့က မိန်းလမ်းမကြီးဖြစ်တဲ့ ဗိုလ် ချုပ်လမ်းမကြီးပေါ်နဲ့ ဆန်ဆိုင်း အ.ထ.က ကျောင်းရှေ့မှာလည်း ရေတွေကျော်နေတဲ့အ တွက် သွားလာဖို့ခက်ခဲနေပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မိုးဇလ၏ ယနေ့မွန်းတည့် ၁၂ နာရီထုတ်ပြန်ချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် ၁၂ ဒသမ ၈၀ ပေ(၃၉၀ စင်တီမီ တာ)အထက်သို့ ၃ လက်မခန့် (၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေကာ လာမည့် ၂၄ နာရီအ တွင်း ၁ ပေခွဲခန့်မြင့်တက်ပြီး စိုးရိမ်ရေမှတ် အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ် ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးဇလက အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here