ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီးပေါ်မှ အမျိုးသမီး တစ်ဦး

0
441

ခုန်ချကာ အသက်ဆုံးရှုံးမှု ဖြစ်ပွား

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၃၆/၂-၃) ဖာလုံကြားတွင် ယနေ့ နေ့လယ် (၁)နာရီ အချိန်ခန့်က နတ်မောက် မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ အမျိုးသမီး တစ်ဦး ခုန်ချကာ အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ (ဘုရားတောင်) အမြန်လမ်းမကြီး မန္တလေး – ရန်ကုန် ဘက်အခြမ်းတွင် Mitsubishi Canter အမျိုးအစား အဖြူရောင်ယာဉ်မှာ အမျိုးသား (၄)ဦး၊ အမျိုးသမီ (၁၀) ဦး တင်ဆောင်ကာ နတ်မောက်မှ ရန်ကုန်သို့ မောင်းနှင်လာခြင်းဖြစ်သည်။

ထိုသို့ မောင်းနှင်လာစဉ် အဆိုပါ မိုင်တိုင်အရောက် ယာဉ်ပေါ်ပါ အမျိုးသမီး (၁) ဦးမှာ ယာဉ်မှ မီးခိုးများ ထွက်သည်ဟူ၍ ကားပေါ်မှ ခုန်ဆင်းရာ နေရာတွင်ပင် အသက်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကို အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီး ရုပ်အလောင်းအား တောင်ညို နာရေးကူညီမှု အသင်းပိုင် ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here