တိုက်ဖွန်း ယာဂီကြောင့် ဗီယက်နမ်မှာ ‌ေ-သဆုံးသူ ၃၀ ကျော်ရှိလာခဲ့ပြီး အဆောက်အုံများပျက်စီး

0
137
People stand on their balcony above a flooded street in Trang Dinh district, Lang Son province, on september 9, 2024, after Typhoon Yagi swept through northern Vietnam. - The death toll from Typhoon Yagi jumped to 59 in Vietnam, state media said on September 9, 2024, as business leaders say the storm had been a "disaster" for the country's vital manufacturing sector. (Photo by Thu Huong / AFP)

၂၀၂၄ ခုနှစ်အတွင်း အာရှ၏ အားအပြင်းဆုံးမုန်တိုင်းဖြစ်ခဲ့သည့် တိုင်ဖွန်းယာဂီ ဝင်ရောက်တိုက်ခဲ့သဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ‌ေ-သဆုံးသူ ဒါဇင် နှင့်ချီ ၍ ရှိခဲ့ကာ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်ဟု စက်တင်ဘာ ၉ ရက် အစိုးရ၏ ကနဦးခန့်မှန်းချက်များအရ သိရပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ထပ်ဖြစ်လာနိုင်သည်ဟု မိုးလေဝသ အေဂျင်စီက သတိပေးထားကြောင်း သိရသည်။

တိုက်ဖွန်းဝင်ရောက်စဥ်အတွင်း လူ ၃၅ ဦး ‌ေ-သဆုံးခဲ့ကာ ၂၄ ဦး ပျောက်ဆုံးလျက်ရှိပြီး အများစုသည် ရေကြီး မြေပြိုမှု၍ ဖြစ်ကြောင်း ဗီယက်နမ်၏ သဘာဝဘေး စီမံခန့်ခွဲရေး ဌာနက ပြောဆိုသည်။

တိုက်ဖွန်းသည် စက်တင်ဘာ ၇ ရက်တွင် ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ကြီးမားသော ကုန်ထုတ်လုပ်ငန်းများရှိရာ ဗီယက်နမ် အရှေ့မြောက်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အဆင့်လျော့ကျကာ အားပျော့သွားခဲ့သည်ဟု မိုးလေဝသ ဌာန က ပြောသည်။

အိမ်ထောင်စုများနှင့် ကုမ္ပဏီများ သန်းနှင့်ချီကာ ဓါတ်အားပြတ်တောက်ခြင်း၊ အဝေးပြေးလမ်းများ ရေနစ်မြုပ်ကုန်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်ခြင်းနှင့် အရွယ်အစားအလယ်အလတ်ရှိ တံတားတစ်စင်း ကျိုးကျမှု တို့ ဖြစ်ခဲ့သည်။ ထို့အပြင် သစ်ပင်ပေါင်း ထောင်နှင့်ချီကာ ပြိုလဲခဲ့ပြီး အဓိကစက်မှုလုပ်ငန်း ၏ အချက်အချာနယ်မြေရှိ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်သွားစေခဲ့သည်။

လူဦးရေ ၂သန်းခန့်နေထိုင်ရာ ကမ်းရိုးတန်းမြို့ ဟိုင်ဖုံ ရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ မန်နေဂျာများနှင့် အလုပ်သမားများက သူတို့အနေဖြင့် လျှပ်စစ်မီး မရဘဲ ဖြစ်နေကြောင်းနှင့် စက်ရုံများ အမိုးလန်ကုန်မှုကြောင့် မိုးထဲလေထဲတွင် စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုမဖြစ်စေရေးကို လုပ်ဆောင်နေရကြောင်း စက်တင်ဘာ ၉ ရက်တွင် ပြောဆိုသည်။

ဓါတ်ပုံများနှင့် ရိုက်တာသတင်းဋ္ဌာနကဖော်ပြသော မျက်မြင်တွေ့ရှိသူတစ်ဦး၏ အဆိုအရ ဟိုင်ဖုံ မြို့ရှိ တောင်ကိုရီးယား LG အီလက်ထရောနစ်၏ စက်ရုံတစ်ခုသည် ပြိုကျသွားခဲ့သည်ဟု သိရသည်။

မုန်တိုင်းကြောင့် စက်ရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှုမျိုး မရှိခဲ့ကြောင်း LG အီလက်ထရောနစ်က ပြောဆိုပြီး ၎င်း၏ ထုတ်လုပ်ရေးလုပ်ငန်းခွင်မှာမူ ပျက်စီးခဲ့ကြောင်းနှင့် ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်များထားရှိရာ သိုလှောင်ရုံတစ်ခု ရေမြုပ်ခဲ့ကြောင်း သိရသည်။ ကိုရီးယားစက်ရုံအလုပ်ရုံများ ၏ ပျက်စီးဆုံးရှုံးမှု မှာ ကြီးမားသည်ဟုလည်း ဗီယက်နမ်ရှိ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများအသင်း ဥက္ကဋ္ဌ မစ္စတာ ဟောင်ဆန်းက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒေသအများအပြားတွင် ရွာသွန်းခဲ့သော မိုးရေချိန်သည် ၂၀၈ မီလီမီတာမှ ၄၃၃ မီလီမီတာအထိ ရှိခဲ့ပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ထပ်ဖြစ်လာနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here