လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို မသက်ဆိုင်သူများထံမရောက်စေရေးကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာကြက် ခြေနီကော်မတီ ဥက္ကဋ္ဌတို့ ဆွေးနွေး

0
125

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးရာတွင် မသက်ဆိုင်သည့်အဖွဲ့အ စည်းများထံမရောက်ရှိစေရေးအတွက် သက် ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger တို့တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌထံ ယနေ့ စက်တင်ဘာ ၉ ရက်နံ နက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဋ္ဌမှ နေပြည်တော်သို့ လာရောက်တွေ့ ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ဆောင်နေမှုများကို ပြောကြားသည်။

ထို့ပြင် အကူအညီလိုအပ်လျက်ရှိသည့် ပြည်သူ များလက်ဝယ်သို့ လိုအပ်သည့်ကူညီထောက်ပံ့မှုများအမှန်တကယ်ရောက်ရှိရန်နှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံမရောက်ရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့အတူ တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီဆောင်ရွက်နေသည်ကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here