ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းဗိုလ်စွဲ

0
34

၂ဝ၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ယနေ့ စက်တင်ဘာ ၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းက ပညာရေးဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းအား ၁ ဂိုး – ဂိုးမရှိရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ဗိုလ်စွဲခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းကို နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒုတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းအား ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းအား ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ စတုတ္ထဆုရရှိသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းအား ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်တို့က အသီးသီး တစ်ဦးချင်းဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အတူ အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး(အလယ်တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူများကိုလည်း တာဝန်ရှိသူများက အကောင်းဆုံးဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂ဝ၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲအား သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားပြုတက္ကသိုလ်များ ဘောလုံးအသင်း(၇) သင်းပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here