အင်ဒို၌လေယာဉ်ပြေးလမ်းချော်၍ ခရီးသည်အချို့ထိခိုက်ဒဏ်ရာရခဲ့

0
132

ေဇယပူရ၊စက်တင်ဘာ ၉

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ ဝေးလံခေါင်းသီသည့် ပါပူးဝါးဒေသ၌ လူ ၄၈ ဦးလိုက်ပါလာသည့် လေယာဉ်တစ်စီးသည်ပြေးလမ်းချော်ပြီး ခရီးသည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ပါပူးဝါဒေသတွင် လေကြောင်းခရီးစဥ်များသည် ေဘးကင်းမှုမရှိသကဲ့သို့ ရာသီဥတုဆိုးရွားမှုများကြောင့်လည်း အခက်အခဲဖြစ်ရသည့်ဒေသတစ်ခုလည်းဖြစ်သည်။

Trigana Air လေကြောင်းလိုင်းအပိုင် ATR – 42 လေယာဉ်သည် တနင်္လာနေ့နံနက်ပိုင်းတွင် ရာပင်ကျွန်းစုရှိလေဆိပ်မှ ပါပူးဝါး သို့ပျံသန်းရန် လေဆိပ်မှထွက်ခွာစဉ် ပြေးလမ်းချော်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယခုဖြစ်စဉ်တွင် ကံကောင်းထောက်မစွာဖြင့် ခရီးသည်များ ‌ေ-သဆုံးမှုမရှိဘဲ ဒဏ်ရာများသာရခဲ့ကြရာ ဆေးရုံသို့ပို့ဆောင်၍ ကုသပေးထားသည်ဟုလည်းသိရသည်။ အလားတူဖြစ်စဉ်မျိုး ထပ်မဖြစ်စေရန် တာဝန်ရှိသူများ က စိစစ်ဆောင်ရွက်နေသည်ဟုပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ၎င်း၏ထောင်ပေါင်းများစွာသောကျွန်းစုများအတွက် လေကြောင်းဆက်သွယ်ရေးကိုသာ အဓိကထားအသုံးပြုနေရသော်လည်း ပါပူးဝါး ဒေသမှာမူ လေကြောင်းအသုံးပြုသွားလာရေးအတွက် အထူးခက်ခဲသောဒေသတစ်ခုလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်ကလည်း Trigana Air လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီး ထိုနေရာ၌ပျ-က်ကျခဲ့ပြီး လေယာဉ်ပေါ်ပါခရီးသည် ၅၄ ဦးလုံး‌ေ-သဆုံးခဲ့ဘူးကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here