ပရဟိတအသင်းများ အလှူရှင်နည်းပါးလာ၍ ရပ်တည်နိုင်ရန်ခက်ခဲလာ

0
165

မြင့်တက်နေသည့်ကုန်‌ဈေးနှုန်းနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုစောင့်ရှောက်ပေးနေသည့်ဂေဟာများ ပရဟိတအသင်းများသည် အလှူရှင်နည်းပါးလာ၍ ရပ်တည်နိုင်ရန်ခက်ခဲလာကြောင်း မေးမြန်းချက်များအရသိရသည်။

ကိုဗစ်မတိုင်ခင်ကာလတွင် လှူဒါန်းရန်အလှူရှင်များပေါများသော်လည်း ယခုကာလတွင် အလှူရှင်ရရှိန် အခက်အခဲများရှိနေကြောင်း သိရသည်။

” အခုဆိုကလေ-းတွေကပိုများလာတယ်။ ဘာလို့ဆို စစ်ရှောင်လာတဲ့ကလေးတွေလည်းရှိတယ်။ အစုံပေါ့။ သူတို့အတွက် တစ်နပ်စာအလှူရှင်ရဖို့ကိုမလွယ်ဘူး။ စီးပွားရေးတွေကလည်းအဆင်မပြေကြဘူးလေ။ အခက်အခဲတွေရှိတာပေါ့”ဟု တောင်ဒဂုံရှိ မိဘမဲ့ကလေ-းစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူဘုန်းတော်ကြီးက ပေါ်ပြူလာနယူးစ်သို့ရှင်းပြသည်။

ထို့ပြင် ကျောင်းအတွင်းရှိ မိဘမဲ့ကလေ-းများ၏ ပညာသင်ကြားနိုင်ရေး နှင့် စားဝတ်နေရေးအပြင် နို့စို့ကလေးများကို နို့မှုန့်ကျွေးမွေးရန် မတတ်နိုင်သည့် အခြေအနေဖြစ်နေကြောင်း ဆက်လက်မိန့်ကြားသည်။

ယခင်က လှူဒါန်းနိုင်ခဲ့ကြသည့် ပြည်တွင်းအဖွဲ့အစည်းများ၊ တနိုင်တပိုင်စုပေါင်းကာဖွဲ့စည်းထားကြသည့် အလှူရှင်အဖွဲ့အစည်းများ၊ အလှူရှင်များထံမှလည်း လုံလောက်သည့် လှူဒါန်းမှုများ နည်းပါးလာရာ ကလေ-းငယ်များ၊ အဖိုးအဖွားများအတွက် စားဝတ်နေရေး အခြေအနေများမှာ ယခင်ကလို လောက်ငသည့်အခြေအနေများ မရှိကြောင်း သိရသည်။

မိဘမဲ့ ပရဟိတကျောင်းများအနေဖြင့် ကလေ-းများ၏ စားဝတ်နေရေးတွေကိုသာ အဓိကဦးစားပေး ဖြေရှင်းနေရခြင်းကြောင့် ယခင်လိုကလေ-းများ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပုံမှန်ဆောင်ရွက်ပေးနိုင်ဖို့ခက်ခဲလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here