ဝမ်ယိ ရုရှားသို့ ယခုတစ်ပတ်အတွင်းသွားမည်

0
65
Chinese Foreign Minister Wang Yi speaks during a press conference, at the Forum on China-Africa Cooperation (FOCAC) in Beijing on September 5, 2024. (Photo by GREG BAKER / AFP)

ပေကျင်း၊စက်တင်ဘာ ၉

တရုတ်ထိပ်တန်းသံတမန် မစ္စတာဝမ်ယိသည် ထွန်းသစ်စ BRICS နိုင်ငံများ၏ လုံခြုံရေးအစည်းအဝေး တက်ရောက်ရန် ယခုသီတင်းပတ်အတွင်း ရုရှားသို့သွားရောက်မည်ဖြစ်ကြောင်း ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားခဲ့သည်။

မစ္စတာဝမ်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင်ကျင်းပမည့် အဆိုပါအစည်းအဝေးကို BRICS အဖွဲ့ဝင်နိုင်ငံများ၏ အဆင့်မြင့်လုံခြုံရေးအရာရှိများ၊ နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က ပြောသည်။

မစ္စတာဝမ် သည် ခရီးစဉ်ကို လာမည့်လ၌ကျင်းပမည့် BRICS ထိပ်သီးစည်းဝေးပွဲမတိုင်မီ သွားေရာက်ခြင်းဖြစ်ပြီး အဆိုပါ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင်တက်ရောက် ရန်မျှော်လင့်ထားကြသည်။

ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့်တောင်အာဖရိကတို့၏ အတိုကောက်စကားလုံးများဖြင့်အမည်ပေးထားသော BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ထက်ဝက်နီးပါးကိုကိုယ်စားပြုပြီး အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အီရန်အပါအဝင် အခြားထွန်းသစ်စနိုင်ငံများပါဝင်လာကာတိုးချဲ့နိုင်ရန်ကြိုးပမ်းနေသည့် အဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်သည်။

မစ္စတာဝမ်ယိတက်ရောက်မည့် လုံခြုံရေးထိပ်သီးဆွေးနွေးပွဲ၌မူ ၎င်းသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတကာလုံခြုံရေးအခြေအနေနှင့် အဓိကကျသည့် နိုင်ငံတကာနှင့်ဒေသတွင်းဆိုင်ရာပြဿနာများကို ထည့်သွင်းဆွေးနွေးသွားမည်ဟုမစ္စမော် ပြောသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here