မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်‌တွင် ရေကြီးနေ

0
91

ယနေ့စက်တင်ဘာ (၁၀) ရက်တွင် မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်‌မြို့တွင် ရေနစ်မြုပ်မှုဖြစ်ပွားနေကြောင်း တာချီလိတ်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း ယာဂီ၏ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိကာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေနစ်မြုပ်နေကြောင်း သိရသည်။

” အခုကတော့ ရေဘေးရှောင်တဲ့သူတွေကို ထမင်းဘူးတွေဝေပေးနေတယ်။ ပြီးတော့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ပေးနေတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေက အကုန်မြုပ်တယ်။ အခုထိလည်း ကယ်ဆယ်ရေးလုပ်နေရတုန်း” ဟု မြို့ခံလူမှုကူညီ ကယ်ဆယ်ရေး အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

တာချီလိတ်မြို့ရှိ တာလော့ ၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း၊ ပုန်းထွန်ရပ်ကွက်သည် အမြဲရေကြီးမှုဖြစ်ပွားနေပြီး ယခုနှစ်တွင် အဆိုပါဒေသ၌ (၈) ကြိမ်ထက်မနည်း ရေနစ်မြုပ်မှုဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေနစ်မြုပ်မှုကြောင့် ရေများမှာ တာချီလိတ်ဘက် မြန်မာ – ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်အထိ ရောက်ရှိနေသည့်အတွက် တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ သွားမည့်သူအနေများအနေဖြင့် လတ်တလောတွင် ခြေလျင်သာ သွားခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here