အန္တရာယ်ရှိသည့် ရန်ကုန်က သစ်ပင်လဲကျမှု မြန်မာပလာဇာရှေ့ ကားမှတ်တိုင်တွင်လည်း ကြုံရပြန်

0
65

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်တွင် သစ်ပင်လဲကျပြီး ကား (၂) စီးပေါ် ပိမိမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်တည့်တည့်တွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းများမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မိုးကလည်း တအားရွာနေတဲ့ အချိန် အိမ်စီးကား တစ်စီးရယ်၊ အငှားကား တစ်စီးရယ်ပေါ်ကို သစ်ပင်ကြီးလဲပြီး ပိမိတာ။ တက္ကဆီထဲမှာတော့ လူရှိတယ်။ ကားစက်နှိုးထားတာ တွေ့ရတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ယာဉ်အပျက်အစီး အနည်းအကျဉ်းတော့ရှိတာ တွေ့ရတယ်။ လမ်းလည်း ခဏပိတ်သွားတယ်”ဟု သစ်ပင်လဲကျစဉ် အနီးဝန်းကျင်၌ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းများ ရှင်းလင်းနေခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာ (၉)ရက်၊ ည (၇)နာရီ (၄၅) မိန စ် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စိတ္တသုခလမ်းတွင် လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့မှ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ယာဂီအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းကြောင့် ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက်အစောပိုင်းမှ စတင်၍ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here