ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ယူနွတ်စ်နှင့် စီးပွားရေး ဆွေးနွေးရန် အမေရိက စီမံကိန်းဆွဲ

0
99
Nobel laureate Muhammad Yunus prepares to address a press conference upon his arrival at the Hazrat Shahjalal International Airport in Dhaka on August 8, 2024. - Nobel Peace Prize winner Muhammad Yunus returned to Bangladesh August 8 to lead a caretaker government after a student-led uprising ended the 15-year rule of Sheikh Hasina. (Photo by MUNIR UZ ZAMAN / AFP)

အမေရိကန်ပြည်ထောင်စုသည် ယခုသီတင်းပတ်အတွင်း၌ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက် ယူနွတ်စ်ဦးဆောင်သောဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရနှင့် စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးရန် စီမံနေသည်ဟု Financial Times သတင်းစာက အင်္ဂါနေ့(စက်တင်ဘာ ၁၀) တွင် ဖော်ပြခဲ့သည်။

နိုဘဲ ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်သော အစိုးရသည် တောင်အာရှနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပေးရန် ရည်မှန်းချက်နှင့်အတူ ပြီးခဲ့သည့်လတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အလုပ်အကိုင် ခွဲတမ်းစနစ်နှင့် ပတ်သက်၍ လူအ‌ေ-သအပျောက်ရှိသော ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့အပြီးတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်သွားခဲ့ပြီးနောက် ၎င်း၏အစိုးရ က ဝင်ရောက်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ စီးပွားရေး အားနည်းချက်များကို ကိုတွယ်ဖြေရှင်းနိုင်ပြီး စဉ်ဆက်အပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မည်ဟု အမေရိကန်ပြည်ထောင်စုက အကောင်းမြင်ပါကြောင်း နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အမေရိကန် လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Brent Neiman က သတင်းစာကို ပြောသည်။

ဘဏ္ဍာရေး၊ ပြည်နယ်နှင့် ကုန်သွယ်ရေးအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၏ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မူဝါဒ ကို ဆွေးနွေးရန်အပြင် ဘဏ္ဍာရေးစနစ်၏ ကျန်းမာရေးဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍လည်း ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ ဆွေးနွေးမှုများကို စနေနှင့် တနင်္ဂနွေနေ့တို့တွင် ဒါကာမြို့တော်၌ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနနှင့် ယူနွတ်စ်၏ရုံးမှ တာဝန်ရှိသူများကမူ ယင်းခရီးစဉ်နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ပြောဆိုခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် လောင်စာဆီနှင့် စားနပ်ရိက္ခာသွင်းကုန်များ ဈေးနှုန်းမြင့်တက်လာပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်၏ ဒေါ်လာ ၄၅၀ ဘီလျံပမာဏရှိ စီးပွားရေးသည် သိသိသာသာ နှေးကွေးခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄ ဒသမ ၇ ဘီလျံရရှိရန် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

Ref: သည်အီကော်နောမစ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here