ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးပုံစံလုပ်ဆောင်ရန်မရှိဟု ဗဟိုဘဏ်ဆို

0
111

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးပုံစံလုပ်ဆောင်ရန်မရှိသေးပဲ သတင်းအမှားသာဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်ဒေါ်လာပုံစံ FEC ကဲ့သို့ စတင်အကောင်အထည်ဖော်မည်ဟုသတင်းများထွက် နေပြီး ယင်းတွင် ၅ကျပ်တန်၊ ၁၀ကျပ်တန်၊ ၅၀ကျပ်တန် ဟူ၍ တန်ကြေး သုံးမျိုး လျာထားကြောင်း၊ထို့ပြင် ပြည်တွင်းသို့ဝင်ရောက်လာသော ဒေါ်လာငွေကြေးများအား မသမာသူများထံ မရောက်စေရန် ပြည်တွင်းနိုင်ငံခြားငွေ ဖူလှုံစေရန် အတွက်ဖြစ်ပြီး ၁ဒေါ်လာတန်ကြေးသည် အသစ်ထုတ်ဝေမည့် ငွေကြေးနှင့် တန်ဖိုးတူတူပင်ဖြစ်ပြီး ပြည်တွင်းဒေါ်လာသုံးစွဲသူများရောင်းဝယ်သူများအား ထိရောက်စွာအရေးယူနိုင်ဖို့ ရည်ရွယ်ထားကြောင်း၊ပြည်တွင်းသို့ ကုန်း/ရေ/လေကြောင်းလမ်းမှ ဝင်ရောက်လာမည့် နိုင်ငံခြားသား(သို့)ပြည်ပထွက်အလုပ်လုပ်နေသူများအား ဒေါ်လာ ၁၀၀၀ မှ စတင်၍ လှယ်လဲနိုင်အောင် ေဆာင်ရွက်ပေးမည််ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ပြည်တွင်းသတင်းဌာနတစ်ခုမှ မေးမြန်းထားသည်။

အဆိုပါ အကြောင်းအရာသည် မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးကပြန်လည်ဖြေကြားထားသည်။

၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသားမှန်သမျှ အမေရိကန် ဒေါ်လာကို လက်ဝယ်ကိုင်ဆောင် ခွင့်မရှိဘဲ မိမိတွင်ရှိသည့် ဒေါ်လာကို သက်ဆိုင်ရာထံအပ်နှံပြီး Foreign Exchange Certificate (FEC) ဟုခေါ်သည့် နိုင်ငံခြားငွေလဲလက်မှတ်များကို ဒေါ်လာအစား သုံးစွဲခဲ့ရပြီး သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here