စမ်းချောင်းတွင် သမီးရည်းစား စကားများ ရ-န်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး ဓါးဖြင့်အ-ထိုးခံရပြီး ဆေးကုသမှုခံယူနေစဉ် အသက်ဆုံးရှုံး

0
294

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်တောင်ရပ်ကွက်၊ မိုးမခလမ်းရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် သမီးရည်းစား စကားများ ရ-န်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး ဓ-ါးဖြင့် ထိုးခံရပြီး ဆေးကုသမှုခံယူနေစဉ် အသက်ဆုံးရှုံးခဲ့ရကြောင်း အနီးနားဝန်းကျင်ရှိ စမ်းချောင်းမြို့နေသူများထံမှ သိရသည်။

စက်တင်ဘာ (၁၀)ရက် ည (၉)နာရီ (၅၀)မိနစ်အချိန်က အဆိုပါ တိုက်ပေါ် ပထမထပ်တွင်
အမျိူးသမီး တစ်ဦး ဓာ-းထိုးခံရပြီး ဒ-ဏ်ရာများရရှိထားကြောင်း အကူအညီတောင်းခံလာ၍ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကူညီရန်သွားရောက်ခဲ့ကြာင်း သိရသည်။

“စုံတွဲပေါ့ တိုက်ပေါ်မှာ စကားများရန်ဖြစ်ကြတာ။ ကောင်မလေးက ဓ-ားဒဏ်ရာတွေရပြီး ဆေးရုံပို့လိုက်ရတယ်လို့ သိရတယ်။ မနက်ကျတော့ ဆုံးပြီလို့ ကြားရတယ်”ဟု မိုးမခလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်ကို စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ အမြန်ဆုံးသွားရောက်ကာ အမျိုးသမီး လူနာမှာ ပါးဘယ်ညာဓာ- းဒ-ဏ်ရာ (၂) ချက်၊ လည်ပင်း (၁)ချက်၊ ဝမ်းဗိုက်ဓ-ားဒ-ဏ်ရာ (၁)ချက် ပြ-တ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးလူနာအား ဆေးကုသမှုများ ပြုစုကူညီပေးပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ လိုအပ်သည့် ဆေးကုသစစ်ဆေးနိုင်ရန် စမ်းချောင်းအရန် မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here