နမ့်တိန်းချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာချင်းဆက် တံတားတစ်စင်း ကျိုးကျပျက်စီး

0
64

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ရှိ နမ့်တိန်းချောင်းရေမြင့်တက်လာသည့် အတွက် ယမန်နေ့ စက်တင်ဘာ(၁၀)ရက် ညနေပိုင်းအချိန်တွင် ပုန်းထွန်ရွာနှင့် ဟွေဟေးရွာအား
ဆက်သွယ်ထားသည့် တံတားတစ်စင်း ကျိုးကျသွားကြောင်းဒေသတွင်း သတင်းများအရ သိရသည်။

ထို့ပြင် နမ့်တိန်းချောင်း‌ရေ မြင့်တက်လာမှုကြောင့် လင်းခေးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ကာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရကြောင်း သိရသည်။

အလားတူ ယမန်နေ့က လင်းခေး – မိုင်းပန်သွား ကားလမ်း‌ပေါ် တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ကားကြီးကားငယ်အားလုံး ဖြတ်သန်း၍ မရသဖြင့် ရပ်တန့်ထားခဲ့ရသည့်အပြင် လင်းခေး-မောက်မယ်လမ်း မောက်မယ် တောင်ခြေတွင်လည်း တောင်ကျချောင်းရေများ စီးဆင်းလာမှုကြောင့် ဖြတ်သန်း၍မရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကွန်ဟိန်း စသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေသည့်အပြင်
ကလောမြို့ပေါ်တွင်လည်း အလားတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here